ဘာစီလိုနာဆိုတာ လာလီဂါရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆုဖလား ၅ ကြိမ် ရရှိထားတဲ့အသင်းပါ။ ဘောလုံးလောကမှာ မသိသူမရှိတဲ့ နာမည်ကျော်အသင်းလည်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ကမ္ဘာကျော်ကစားသမားများစွာကို ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီ ဦးဆောင်တဲ့ ခေတ်မှာတော့ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလို ဘာစီလိုနာအသင်း အထွတ်အထိပ်ရောက်နေတဲ့ အချိန်ကာလမှာတောင် ဒုက္ခပေးနိုင်တဲ့ အသင်းတစ်သင်းရှိပါတယ်။ ဂျာမန်ဘီလူးလို့ တင်စားကြတဲ့ ဘိုင်ယန်မြူးနစ်အသင်းပါ။ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာအတွက်တော့ ဘီလူးအသင်းမဟုတ်ပါဘူး။ တစ္ဆေအသင်းပါ။ ချောက်ချားအောင် အမြဲခြောက်လှန့်နိုင်တဲ့ တစ္ဆေအသင်းပါ။ ဘာကြောင့်လဲဆိုတော့ ထိပ်တိုက်ဆုံတွေ့တဲ့ ပွဲတိုင်းနီးပါး ဘာစီလိုနာအသင်းကို ထိုးနှက်အနိုင်ယူလေ့ရှိတဲ့အသင်း ဖြစ်နေလို့ပါပဲ။ သူတို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ၁၃ ပွဲ ဆုံတွေ့ခဲ့ဖူးပြီး ဘာစီလိုနာအသင်းက ၂ ပွဲသာအနိုင်ရကာ ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ဘာစီလိုနာအသင်း ရင်ဆိုင်ခဲ့ဖူးသမျှ ပြည်ပပြိုင်ဘက်တွေထဲမှာ အကြိမ်အများဆုံးအရှုံးပေးထားရတဲ့ မှတ်တမ်းပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
