အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ မီခေးလ်အာတီတာက မိမိတို့အသင်းအနေဖြင့် အနာဂတ်ပွဲစဉ်များတွင် (၁၀) ယောက်ကျန်အသင်းနှင့် ဆက်လက်ကစားရန် မဖြစ်နိုင်တော့ကြောင်းနှင့် အနီကတ်မထိရန်အရေးကြီးကြောင်း ညည်းတွားပြောဆိုခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲအ ပြီးတွင် အနီကတ် (၃)ပွဲအထိရှိခဲ့ပြီး ယင်းပွဲစဉ် (၃)ပွဲတွင် ဘရိုက်တန်အသင်းနှင့် ၁-၁ ဂိုးသရေ၊ မန်စီးတီး အသင်းနှင့် ၂-၂ ဂိုး သရေကျခဲ့သလို ပရီးမီးယားလိဂ် ပွဲစဉ် (၈) တွင်လည်း ဘုန်းမောက်အသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းအတွက်ကြောင့် အာတီတာက "(၁၀)ယောက်ကျန်အသင်းနဲ့ ကစားရတယ်ဆိုတာ အမြဲတမ်းလိုလိုဖြစ်နေတယ်။ ပရီးမီးယားလိဂ်လိုအဆင့်အတန်းမျိုးမှာ မကြာခဏ တစ်ယောက် လျော့နဲ့ ကစားနေလို့ မဖြစ်နိုင်ပါဘူး။ အနီကတ်တွေနဲ့ပတ်သက်ပြီး အ ကြောင်းအရင်းမျိုးစုံ ဖြစ်နေပေမဲ့ သေချာတာကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ဒါကို ထပ်ဖြစ်လို့မရတော့ပါဘူး။ ဘာကြောင့် အနီကတ်တွေ ထိတာလဲဆိုတာက အရေးမကြီးဘဲ အနီကတ်မထိဖို့က ပိုအရေးကြီးနေပါပြီ"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်တွင် ၈ ပွဲကစား ၁၇ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ၄ မှတ် ကွာဟလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
