လာမည့်နှစ်နွေရာသီ၌ လေဗာကူဆင် အသင်းနှင့် လမ်းခွဲဖွယ်ရှိနေသည့် စပိန်နာမည်ကျော်နည်းပြ ရှာဘီအလွန်ဆိုသည် လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်၊ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းများနှင့် သတင်းထွက်နေကြောင်း သိရသည်။
စပိန်နည်းပြ ရှာဘီအလွန်ဆို (၄၂ နှစ်)သည် လေဗာကူဆင်အသင်းကို ၂၀၂၂ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ၌ ဘွန်ဒစ်လီဂါနှင့် ဂျာမန်ဖလား ပြိုင်ပွဲများတွင် ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့ပြင် ယူရိုပါလိဂ် ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ပြီးခဲ့သည့်ရာသီ၌ ယူရိုပါ လိဂ်ဗိုလ်လုပွဲမတိုင်မီ ရှုံးပွဲမရှိမှတ်တမ်းများက သူ့အား တစ်မဟုတ်ချင်း နာမည်ကျော် နည်းပြဘဝသို့ ရောက်ရှိစေခဲ့သည်။
ချန်ပီယံဆု ရယူနိုင်ခြင်းမရှိမီကပင် ၎င်းအား ခေါ်ယူရန် ဥရောပထိပ်သီးအသင်းများစွာက စိတ်ဝင်စားခဲ့ကြပြီး ကစားသမားဘဝက လက်တွဲ ခဲ့ဖူးသည့် လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့က အပြိုင်အဆိုင်ပစ်မှတ်ထားခဲ့ကြသည်။ သို့သော် အလွန်ဆိုသည် အဆိုပါအခွင့်အရေးများကို ငြင်းပယ်ကာ လေဗာကူဆင်အသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ၎င်းနှင့် လေဗာကူဆင်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၅-၂၆ ရာသီကုန်အထိ ဖြစ်သော်လည်း လာမည့်နှစ်နွေရာသီ၌ လေဗာကူဆင်အသင်းနှင့် လမ်းခွဲဖွယ်ရှိနေကြောင်း ဂျာမန်မီဒီယာ Sky Germany က ဖော်ထုတ်ရေးသားခဲ့သည်။
မန်စီးတီးအသင်းသည် နည်းပြဖြစ်သူ ဂွါဒီယိုလာ၏အနာဂတ်အသင်းတွင် မတည်မငြိမ်ဖြစ်နေစဉ် အလွန်ဆိုကို ပစ်မှတ်ထားနေကြောင်း သိရသည်။ မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ၏စာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဂွါဒီယိုလာက လည်း သူ၏အနာဂတ်ကို မတင်မကျသာ ပြောကြားထားသည်။ ထို့ပြင် အလွန်ဆိုသည် ရီးယဲလ်မက်ဒရစ်အသင်း၏အနာဂတ်နည်းပြအဖြစ်လည်း ရှုမြင်ခံထားရသည်။
ရီးယဲလ်အသင်းသည် လက်ရှိနည်းပြဖြစ်သူ အန်ဆယ်လော့တီနှင့် ၂၀၂၅-၂၆ ရာသီကုန်အထိ စာချုပ်သက်တမ်း ရှိနေပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အလွန်ဆိုနှင့် အစားထိုးသွားရန် စိတ်ဝင်စားလျက်ရှိသည်။ အလွန်ဆိုသည် ကစားသမားဘဝက ရီးယဲလ်အသင်းတွင် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၃၆ ပွဲအထိ ကစားပေးခဲ့ပြီး အန်ဆယ်လော့တီလက်အောက် ၂၀၁၄ ချန်ပီယံလိဂ်ချန်ပီယံအသင်းသား ဖြစ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
