◘ ရီးယဲလ်မက်ဒရစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)
ပွဲက ခက်ခဲကြမ်းတမ်းမယ့်ပွဲပါ။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ် အိမ်ကွင်းဖြစ်နေတာနဲ့ ပြိုင်ပွဲအတွေ့အကြုံက ဒီပွဲမှာ အားသာစေမယ့် အနေအထားဖြစ်တယ်။ လက်ရှိအချိန်အထိ ရီးယဲလ်မက်ဒရစ်ကို အကောင်းဆုံးပုံစံနဲ့တော့ မတွေ့ရသေးဘူး။ ပြီးခဲ့တဲ့ပွဲမှာလည်း ပြင်သစ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လိုင်လီကို ရှုံးခဲ့တယ်။ ဒေ့ါမွန်က ဆဲလ်တစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မယုံနိုင်စရာရလဒ်ကို ယူပြခဲ့တယ်။ ဒါပေမဲ့ ဒေါ့မွန်ရဲ့ ဒီရာသီ Form က အရမ်းတော့ မယုံကြည်ရဘူး။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့တဲ့ အသင်းနှစ်သင်းဖြစ်ပြီး ဒီပွဲက မကျေပွဲအဖြစ် ပြန်ကစားရမယ့် ပွဲလည်းဖြစ်နေတယ်။ မက်ဒရစ်ပဲ အနိုင်ရဖို့ရှိပါတယ်။
◘ အာဆင်နယ် - ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)
အာဆင်နယ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်အသင်းကို ရှုံးပွဲတွေ့ခဲ့တယ်။ အသင်းလိုက်ကစားဟန်က မဆိုးပါဘူး။ ဒါပေမဲ့ တိုက်စစ်ပိုင်းမှာ ဖန်တီးမှုစွမ်းရည် ကျဆင်းနေပြီး အသင်းကလည်း လိုအပ်တာထက် ပိုထိုင်ကစားချင်နေတယ်။ မာကျောမှုဘက်ကို ပိုသွားချင်တဲ့ သဘောမျိုးလည်း တွေ့ရတယ်။ ရှက်တာဒိုးနက်ကတော့ ရှင်းရှင်းပြောရင် တော်တော်ညံ့ပါတယ်။ အတ္တလန်တာကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ခြေကလည်း ရှက်စရာပါ။ ဒီပွဲကတော့ အာဆင်နယ်လွယ်ပါတယ်။
◘ PSG - PSV (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)
PSV ကလည်း ဒီရာသီ နယ်သာလန်လိဂ်မှာ ခြေစွမ်းပြနေတာ တွေ့ရတယ်။ အသင်းလိုက်ကစားပုံလည်း တော်တော် လေးကောင်းတယ်။ ဒါပေမဲ့ စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ပွဲတုန်းက သရေကျခဲ့ပေမဲ့ ခြေသိပ်မမီချင်ဘူး။ PSG ကတော့ အာဆင်နယ်ကို ရှုံးခဲ့တဲ့အတွက် ဒီပွဲမှာ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားလိမ့်မယ်။ အိမ်ကွင်းပွဲစဉ်လည်း ဖြစ်နေတယ်။ PSG နိုင်ပွဲယူပါလိမ့်မယ်။
◘ ဂျူဗင်တပ်စ် - စတုဂတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)
ဂျူဗင်တပ်စ်အသင်းက ပုံစံကောင်းပြနေတယ်။ အသင်းမှာ လူငယ်ကစားသမားတွေ အများကြီးရှိနေပြီး ပုံစံသစ်အသင်းတစ်သင်းကို မြင်ရတယ်။ လာဇီယိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း အဓိကကစားသမားအတော်များများ အနားပေးထားတာတောင် ဂျူဗင်တပ်စ်ရဲ့ပုံစံက အထင်ကြီးစရာကောင်းခဲ့တယ်။ စတုဂတ်က ရီးယဲလ်မက်ဒရစ်ကို ကစားခဲ့တဲ့ ခြေစွမ်းကောင်းသလောက် အခုနောက်ပိုင်းရလဒ်တွေ အားရစရာမရှိဘူး။ ဂျူဗင်တပ်စ်ပဲ နိုင်ပွဲယူသွားလိမ့်မယ်။
◘ အေစီမီလန် - ကလပ်ဘရုဂေး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၂ ရက် ည ၁၁:၁၅ နာရီ)
အေစီမီလန်က ချန်ပီယံလိဂ်မှာ နှစ်ပွဲကစားပြီး နှစ်ပွဲစလုံး ရှုံးထားတယ်။ အဖွင့်ပွဲတုန်းက လီဗာပူးလ်ကို မယှဉ်နိုင်ပဲ ရှုံးခဲ့သလို၊ ဒုတိယပွဲမှာလည်း လေဗာကူဆင်က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်။ ဒီပွဲကတော့ အေစီမီလန်အတွက် တော်တော်လေး အရေးကြီးနေတဲ့ပွဲဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲယူဖို့လိုနေတယ်။ ဘရုဂေးကတော့ အေစီမီလန်အတွက် အရမ်းခက်ခဲမယ့် ပြိုင်ဘက်မဟုတ်ပါဘူး။
◘ အက်စတွန်ဗီလာ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)
အက်စတွန်ဗီလာကတော့ အူနိုင်းအမ်မရီနဲ့အတူ ဥရောပမှာပါ စာရင်းပေါက်လာတယ်။ ကြောက်စရာကောင်းလာတယ်။ အသင်းမှာလည်း အရည်အသွေးမြင့်ကစားသမားတွေ အများကြီးဖြစ်လာတယ်။ ပြီးခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ကစား ပြလိုက်တာက ဒီအသင်းက လျှော့တွက်လို့မရတဲ့ အနေအထားဖြစ်နေပြီဆိုတာကို ပြတယ်။ ဘိုလော့ဂ်နာကလည်း သီယာဂိုမော့တာ ဆက်ရှိနေရင် ပိုကောင်းနိုင်ပေမဲ့ အခုကတော့ အဆိပ်မရှိပါဘူး။ အက်စတွန်ဗီလာပဲ နိုင်မယ်။
◘ အခြားပွဲစဉ်များ
*မိုနာကို - ဇဗက်ဒါ
*ဂျီရိုနာ - ဆလိုဗန်
စတမ်းဂရက်ဇ် - စပို့တင်းလစ္စဘွန်း*
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
