အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက မိမိတို့အနေဖြင့် ဆုဖလားအောင်ပွဲရယူရန်အတွက် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ယနေ့တွင် ဘိုလော့ဂ်နာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းပွဲအတွက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အူနိုင်းအမ်မရီက ''ကျွန်တော့်ရဲ့ အချိန်တွေကို ဒီနေရာမှာ မဖြုန်းတီးချင်ပါဘူး။ ဒါဟာ ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ချ်ပါပဲ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ချန်ပီယံဆုတွေကို စိန်ခေါ် နိုင်ဖို့ပါ။ ခက်ခဲနိုင်တယ်ဆိုတာ သိပေမဲ့ ကျွန်တော်တို့ ဆုဖလားတွေအတွက် ပြိုင်ဆိုင်သွားဖို့ အသင့်ဖြစ်နေပြီလို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် ချန်ပီယံလိဂ် နှစ်ပွဲကစားထားရာတွင် ဘိုင်ယန်မြူးနစ်အပါအဝင် နှစ်ပွဲစလုံး အနိုင်ရထားသည်။
ထို့ပြင် ၁၉၉၈ နောက်ပိုင်း အကောင်းဆုံးရာသီအစရလဒ်ပိုင်းကို ပိုင်ဆိုင်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
