ယီမင်ပြည်တွင်းစစ်အတွင်း ပါဝင်နေသည့် ဆော်ဒီအာရေဗျနှင့် ယူအေအီးသို့ ဒေါ်လာ ၇ ဘီလျံတန်ဖိုးရှိသော စစ်လက်နက် ပစ္စည်းများ ရောင်းချခွင့်ရရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရအဖွဲ့က ကွန်ဂရက်ကို ကျော်လွန်၍ လုပ်ဆောင်ရန် စီစဉ်နေကြောင်း နယူးယောက်တိုင်းမ်သတင်းစာက မေ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် နိုင်ငံခြားရေးဌာနတာဝန်ရှိသူများသည် လက်နက်ရောင်းချမည့်ကိစ္စကို ကွန်ဂရက်က တားမြစ်ခြင်းမပြုနိုင်မည့် အရေးပေါ်ပြဋ္ဌာန်းချက်တစ်ရပ်ကို တောင်းခံရန် ထရန့်အစိုးရအဖွဲ့အား တိုက်တွန်းနေသည်။ လတ်တလောတွင်မူ ဆော်ဒီနှင့် ယူအေအီးသို့ လက်နက်ရောင်းချမည့်ကိစ္စကို ဆိုင်းငံ့ထားသည်။
အောက်လွှတ်တော်ကို ရှောင်ကွင်း၍ လက်နက်ရောင်းချမည့်အစီအစဉ်အပေါ် ပါတီနှစ်ရပ်လုံးမှ နိုင်ငံရေးသမားများက ဒေါသထွက်နေကြပြီး ဖြစ်ပွားနေဆဲ ယီမင်စစ်ပွဲအတွင်း ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့အတွက် အမေရိကန်အစိုးရ၏ ထောက်ပံ့မှုကြောင့် ၎င်းတို့၏ရည်ရွယ်ချက်မှာလည်း မအောင်မမြင်ဖြစ်ခဲ့သည်။
အရေးပေါ်အမိန့်ပြဋ္ဌာန်းမှုကို တောင်းခံခြင်းသည် ကွန်ဂရက်ကို စော်ကားခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဒီမိုကရက်တစ်ကိုယ်စား လှယ်တစ်ဦးဖြစ်သူ အီလော့အန်ဂျယ်က ပြောကြားခဲ့သည်။ “ယီမင်နိုင်ငံထဲမှာ ပင်လယ်ကွေ့နိုင်ငံတွေက အမေရိကန်ရဲ့ စစ်လက်နက်တွေကိုသုံးပြီး စစ်ပွဲကို ဘယ်လိုတွေ ဦးစီးဦးဆောင် ပြုမလဲဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်အလွန်ကို စိုးရိမ်ထိတ်လန့်နေပါတယ်။ တစ်ဆင့်စကားတွေအရ အမေရိကန်ရဲ့ လက်နက်တချို့က ယီမင်နိုင်ငံမှာရှိတဲ့ ရန်သူတွေရဲ့ လက်ဝယ်ကို ရောက်ရှိသွားတယ်လို့ ကြားရတယ်” ဟု အန်ဂျယ်က ဆိုသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခများသည် အရေးပေါ်ကိစ္စရပ်ဖြစ်နေခြင်းကြောင့်ဟုဆိုကာ လက်နက်ရောင်းချခြင်းကို မည်သည့်သမ္မတမဆို လုပ်ပိုင်ခွင့်ရှိမှုသည် ဟာကွက်ဖြစ်နေပြီး ယင်းသို့ဆိုလျှင် ကွန်ဂရက်သည် လက်နက်ထပ်မံရောင်းချမှုကို တားမြစ်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ ယီမင်တွင် အရေးပေါ်အခြေအနေဖြစ်နေပါက ထိုအရေးပေါ် အခြေအနေသည် အမေရိကန်မှ ဆော်ဒီသို့ ရောင်းချသည့် ဗုံးများကြောင့်သာ လူသားချင်းစာနာမှုဆိုင်ရာ အရေးအပေါ်အခြေအနေဖြစ်ရကြောင်း ဒီမိုကရက်လွှတ်တော်အမတ် ခရစ်မာဖီက Twitter တွင် ရေးသားခဲ့သည်။
ပြဋ္ဌာန်းချက်ကို လာမည့်ရက်အနည်းငယ်အတွင်း တောင်းခံသွားလိမ့်မည်ဖြစ်သည်ဟု ယင်းအစီအစဉ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် ဥပဒေပြုလွှတ်တော်အမတ်များ အပါအဝင် တာဝန်ရှိသူများကို ကိုးကား၍ တိုင်းမ်က ဖော်ပြခဲ့သည်။ ကွန်ဂရက်အား တရားဝင် အကြောင်းမကြားသေးခင် အချိန်ထိ လက်နက်ရောင်းချမှုများ သို့မဟုတ် လွှဲပြောင်းခြင်းများနှင့်ပတ်သက်၍ အတည်ပြု ပြောကြားမှု လုပ်ဆောင်မည်မဟုတ်သလို ငြင်းဆိုမည်လည်း မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန်အော်တဂက်စ်က ဆိုသည်။
ယီမင်ပြည်တွင်းစစ်သည် ကမ္ဘာ့ပေါ်တွင် အဆိုးရွားဆုံးပဋိပက္ခဖြစ်နေပြီး ၂၀၁၅ ခုနှစ် မတ်လမှ စတင်၍ ဖြစ်ပွားခဲ့သော ထိုစစ်ပွဲအတွင်း လူပေါင်း ၁၀၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းထားသည်။ လူ့အခွင့် အရေးအဖွဲ့များကမူ သေဆုံးသူအရေအတွက်သည် WHO ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
