စင်ကာပူ၏ ပထမဦးဆုံး လေအေးပေးစက်တပ် ဆေးလိပ်သောက်အခန်းများကို စတင်အသုံးပြုခြင်းနှင့်အတူ လမ်းပေါ်တွင် ဆေးလိပ်သောက်၍ ရတော့မည်မဟုတ်ပေ။ ထိုအစီအစဉ်ကို စီးကရက်သောက်သူများအကြားတွင် အကြိုက်တွေ့သူနည်းနေသည်ဟု ဆိုသည်။ စင်ကာပူသည် ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သုံးမှုဆန့်ကျင်သော ဥပဒေများကို အပြင်းထန်ဆုံး ပြဋ္ဌာန်းထားသော မြို့ပြနိုင်ငံဖြစ်ပြီး အများပြည်သူနေရာများတွင် ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်ထားသည်။ တားမြစ်ထားသောနေရာများတွင် ဆေးလိပ်သောက်သည်ကို တွေ့ရပါက ငွေဒဏ် စင်ကာပူဒေါ်လာ ၁၀၀၀ (အမေရိကန်ဒေါ်လာ ၇၂၅) ချမှတ်သည်။ E - cigarette များကိုလည်း ပိတ်ပင်ထားသည်။
စီးကရက်ငွေ့များကို လေထဲသို့ မှုတ်မထုတ်ခင် မီးခိုးငွေ့ကို သန့်စင်ပေးသော ဒိန်းမတ်စစ်ထုတ်နည်းကိုသုံးထားသည့် အခန်းသစ်လေများသည်တစ်ကြိမ်လျှင် လူ ၁၀ ဦးဆံ့သည်။ သို့ရာတွင် ဆေးလိပ်သောက်သူများသည် ထိုတဲအိမ်လေးများကို စိတ်မဝင်စားကြဘဲ အများစုသည် အနီးနားရှိ လဟာပြင် ဆေးလိပ်သောက်ရာနေရာများကိုသာ ရွေးချယ်ကြသည်ဟု ဆိုသည်။
စင်ကာပူအခြေစိုက် Southern Globe Corporation က မေ ၂၁ ရက်တွင် အခန်းငယ်လေးများကို စတင်ချထားပေးခဲ့ခြင်းဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် ၆၀ ချထားရန် စီစဉ်ထားသည်ဟု ဆိုသည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
