ဂျပန်လူသုံးကုန်လျှပ်စစ်ပစ္စည်း လုပ်ငန်းကြီး Panasonic က Huawei ကို ပစ္စည်းအစိတ်အပိုင်းများ ရောင်းချနေမှုကို ရပ်တန့်မည်ဟု မေ ၂၃ တွင် ကြေညာခဲ့ရာ တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီး Huawei နှင့် ပတ်သက်မှုရှောင်ရှားလိုသော ကုမ္ပဏီများ စာရင်းပို၍ ကြီးမားလာခဲ့သည်။ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်ရမှုကြောင့် အမေရိကန်က Huawei ကို ပိတ်ပင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီအများအပြားက Huawei နှင့်ဆက်နွှယ်နေမှုကို ဖြတ်တောက်ရှောင်ရှား လာခဲ့ကြသည်။
ဂျပန်နှင့် ဗြိတိန်ဆက်သွယ်ရေးလုပ်ငန်းကြီးများက Huawei ထံမှ မိုဘိုင်းဖုန်းသစ်များကို ပြန်လည်ရောင်းချမှု ဆိုင်းငံ့သွားမည်ဟု ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဂျပန်ကုမ္ပဏီများက Huawei ကို ရှောင်ကြဉ်သည့်စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ Huawei သို့ ထုတ်ကုန်များတင်ပို့ခြင်းကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် အမေရိကန် လုပ်အစိတ်အပိုင်းများ ပါဝင်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် ဆောင်ရွက်သွားမည်ဟု ဂျပန်ကုမ္ပဏီ Toshiba ကလည်း ကြေညာထားသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီဖြစ်သော Huawei နှင့် ၎င်း၏ မိတ်ဖက်လုပ်ငန်း ၆၈ ခုကို အမေရိကန်က တားမြစ်စာရင်း သွင်းခဲ့ပြီးနောက် ၎င်းတို့နှင့် ဆက်နွှယ်ဆောင်ရွက်ခြင်းကို ရပ်ဆိုင်းမည်ဟု ကုမ္ပဏီတွင်း ထုတ်ပြန်သည့်ကြေညာချက်တွင် Panasonic က ပြောကြားခဲ့သည်။ ၀ါရှင်တန်၏ တားမြစ်မှုသည် အမေရိကန်တွင် တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အပြည့်အဝသော်လည်းကောင်း ထုတ်လုပ်သော ကုန်ပစ္စည်းများ အကျုံးဝင်သည်။ Panasonic သည် ၎င်း၏ ထုတ်ကုန်ပစ္စည်းအချို့ကို အမေရိကန်တွင် ထုတ်လုပ်နေသည်။
အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိသော နိုင်ငံခြားဆက်သွယ်ရေးကိရိယာများကို အမေရိကန်ကုမ္ပဏီများက အသုံးမပြုရန် တားမြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြီးခဲ့သည့်သီတင်းပတ်တွင် ကြေညာခဲ့သည်။ Huawei ကိုရည်ရွယ်သည့် ထိုဆောင်ရွက်ချက်ပြီးနောက် ကမ္ဘာ့စမတ်ဖုန်းအများစုကို လည်ပတ်ရန်အတွက် အသုံးပြုနေသော Android စနစ်ကို ပိုင်ဆိုင်သည့် Google က Huawei နှင့် ဆောင်ရွက်နေမှုများအား ရပ်တန့်ကြောင်း ကြေညာခဲ့သည်။
စမတ်ဖုန်းများနှင့် လက်တော့ပ်များအတွက် Huawei ၏ကိုယ်ပိုင် Opreating သည် ယခုနှစ်ဆောင်းရာသီတွင် တရုတ်နိုင်ငံ၌ အသုံးပြုနိုင်ရန် အသင့်ဖြစ်မည် ဟု Huawei ၏ လူသုံးကုန်စီးပွားရေးလုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယွီက အမေရိကန်ရုပ်သံ CNBC ကို ပြောကြားခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
