ဥရောပသမဂ္ဂ၏ ဆွေးနွေးညှိနှိုင်းမှုများအား စိန်ခေါ်နိုင်သည့် ဥရောပပါလီမန် ရွေးကောက်ပွဲများအား အဖွဲ့ဝင် နိုင်ငံအချို့တွင် မေ ၂၃ ရက်၌ စတင်စဉ် လူအများကြိုက်ဝါဒီများက ဥရောပတစ်ဝန်းကို စိတ်အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြသည်။
လေးရက်ကြာမြင့်မည့် ထိုရွေးကောက်ပွဲကို မေ ၂၃ ရက်တွင် ဗြိတိန်နှင့် နယ်သာလန်တို့၌ နာရီဝက်သာခြား၍ ကျင်းပခဲ့ကြသည်။ နောက်ဆုံး ရလဒ်များအား ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံစလုံး၌ ရွေးကောက်ပွဲများ ကျင်းပပြီးသည့် မေ ၂၆ ရက် နှောင်းပိုင်းအထိ သိရမည်မဟုတ်ပေ။ ဥရောပ တစ်ဝန်းတွင် အမတ် ၇၅၁ ဦးအား ရွေးချယ်ရန်အတွက် မဲပေးရန် မှတ်ပုံတင်ထားသူ သန်း ၄၀၀ ကျော်ရှိသည်။
၂၀၁၆ ခုနှစ်တွင် ဥရောပသမဂ္ဂမှထွက်ခွာရန် လူထုဆန္ဒခံယူပွဲကျင်းပခဲ့သည့် ဗြိတိန်သည် ပြီးခဲ့သော မတ် ၂၉ ရက်တွင် အဖွဲ့မှ ထွက်ခွာရန် စီစဉ်ထားသော်လည်း ထွက်ခွာရေးသဘောတူညီချက် မရရှိသေးသဖြင့် ယခုရွေးကောက်ပွဲတွင် မမျှော်လင့်ဘဲ ပြန်လည်ပါဝင်ခဲ့ရသည်။ ဥရောပသမဂ္ဂအား သံသယရှိသည့် Nigel Farage က ယခုနှစ်တွင်မှ ဖွဲ့စည်းခဲ့သည့် Brexit ပါတီသည် ဗြိတိန်တွင် နောက်ဆုံးကောက်ယူခဲ့သော သဘောထားစစ်တမ်းများ၌ ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့သည်။
နယ်သာလန်တွင် ရာသီဥတု ပြောင်းလဲမှုအား သံသယရှိသည့် လူအများကြိုက်ဝါဒီ Thierry Baudet က လစ်ဘရယ်ဝါဒီ ဝန်ကြီးချုပ် Mark Rutte ကို အနိုင်ယူရန် အခြေအနေကောင်းမွန်နေသည်။ Instagram တွင် ကိုယ်လုံးတီးရိုက်ထားသည့် ဆဲဖီလ်များနှင့် အမျိုးသမီးများအပေါ် အငြင်းပွားဖွယ် မှတ်ချက်များကြောင့် ထင်ရှားခဲ့သည့် အသက် ၃၆ နှစ်ရှိ Baudet သည် ပြီးခဲ့သော မတ်တွင် ဒတ်ချ်အထက်လွှတ်တော်၌ ၎င်း၏ပါတီ Forum for Democracy က အင်အားအကြီးဆုံး ဖြစ်လာခဲ့ပြီးနောက် ဥရောပကို အံ့အားသင့်စေခဲ့သည်။
ဥရောပတိုက်တစ်ဝန်းတွင် နိုင်ငံခေါင်းဆောင်များသည် လူအများကြိုက်ဝါဒီများ အားကောင်းလာမှုကို ခုခံရန်အတွက် ၎င်းတို့အား ထောက်ခံသူများကို အလျင်အမြန် စုစည်းနေကြသည်။ ၁၉၇၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီးနောက်ပိုင်း ယခုရွေးကောက်ပွဲသည် ကိုးကြိမ်မြောက်ဥရောပပါလီမန် ရွေးကောက်ပွဲဖြစ်ပြီး မဲလာပေးသူ အရေအတွက်သည် အကြိမ်တိုင်းတွင် ကျဆင်းခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
ဥရောပအား သံသယရှိသူများက အင်အားကောင်းလာမှုသည် ဘရပ်ဆဲလ်၏ ဆုံးဖြတ်ချက် ချမှတ်မှုအား အနှောင့်အယှက်ဖြစ်လာမည်ကို ဥရောပအစိုးရများက စိုးရိမ်နေကြသည်။ လူထုသဘောထား စစ်တမ်းများအရ အမျိုးသားရေးဝါဒီနှင့် လူအများကြိုက်ဝါဒီများက အလွန်အမင်း အင်အားကောင်းလာပြီး အဓိက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ခြိမ်းခြောက်နေသည်ဟု ခန့်မှန်းဖော်ပြခဲ့သည်။
အီတလီတွင် ရွှေ့ပြောင်းအခြေချ ဆန့်ကျင်သည့် League ပါတီခေါင်းဆောင် မတ်တီယိုဆယ်ဗီနီနှင့် ပြင်သစ်လက်ယာအစွန်းရောက် National Rally (RN) ပါတီခေါင်းဆောင် မာရင်းလီပင်းတို့က ၎င်းတို့၏ မဟာမိတ်ပါတီ Europe of Nations and Freedom (ENF) သည် ဥရောပပါလီမန်တွင် တတိယအင်အားအကြီးဆုံး ဖြစ်လာရန် မျှော်မှန်းနေသည်။
ယခုလတွင် ထုတ်ပြန်ခဲ့သော မတူညီသည့် ခန့်မှန်းချက် ကိုးခု၌ ဥရောပပါလီမန်မှ အဓိက ဗဟိုလက်ယာယိမ်းအုပ်စုဖြစ်သည့် EPP သည် အဓိကဗဟိုလက်ဝဲယိမ်းအုပ်စု ဖြစ်သည့် PES နှင့် လစ်ဘရယ်ဝါဒီ ALDE အုပ်စုတို့ကို ကျော်လွန်၍ အမတ်နေရာ အများဆုံးရရှိမည်ဟု ဖော်ပြထားသည်။ မေ ၂၄ ရက်တွင် ချက်သမ္မတနိုင်ငံနှင့် အိုင်ယာလန်၊ မေ ၂၅ ရက်တွင် လတ်ဗီးယား၊ မော်တာနှင့် ဆလိုဗက်ကီးယား၊ မေ ၂၆ ရက်တွင် ကျန်အဖွဲ့ဝင်နိုင်ငံအားလုံး၌ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
