လူသေဆုံးမှုများသော လေယာဉ်ပျက်ကျမှုကြီး နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မှာယူထားသော 737 Max 8 လေယာဉ်များရရှိ မှုနှောင့်နှေးခြင်းနှင့် ရှိပြီးသားလေယာဉ်များမှာလည်း ပျံတက်ခွင့်မရခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းကြီးသုံးခုက ဘိုရင်းကုမ္ပဏီထံမှ လျော်ကြေးရရန် ပြောကြားထားသည်ဟု တရုတ်အစိုးရမီဒီယာက မေ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ အရှိန်မြင့်တက်လာစဉ် အမေရိကန်လေကြောင်းကုမ္ပဏီကြီး ဘိုရင်းထံမှ လျော်ကြေးရရှိရန် China Southern လေကြောင်းလိုင်း၊ China Eastern လေကြောင်းလိုင်း၊ Air China လေကြောင်းလိုင်းတို့က ကြိုးပမ်းကြလိမ့်မည်ဟု တရုတ်အစိုးရမီဒီယာများတွင် ဖော်ပြခဲ့သည်။
ယင်းတို့အနက် လေယာဉ်အုပ်စုအရွယ်အစားကို ကြည့်ပါက China Southern လေကြောင်းလိုင်းသည် အာရှတွင်အကြီးဆုံး ဖြစ်ပြီး China Eastern မှာ တရုတ်နိုင်ငံ၏ နံပါတ်နှစ်ဖြစ်ကာ Air China မှာ အစိုးရ လေကြောင်းလိုင်း ဖြစ်သည်။
ဘိုရင်းထံသို့ လျော်ကြေးရရန် တိုက်ရိုက်တင်ပြထားသည်ဆိုခြင်းမှာ မှန်ကန်သည်ဟု China Eastern လေကြောင်းလိုင်းမှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသော်လည်း အခြားအသေးစိတ်အကြောင်းအရာတို့ကိုမူ မပြောခဲ့ပေ။ China Southern နှင့် Air China တို့မှ ပြောခွင့်ရပုဂ္ဂိုလ်များကိုမူ ဆက်သွယ်မေးမြန်း၍ မရသေးပေ။
လေယာဉ်ပျက်ကျမှုများဖြစ်ပွားခဲ့ပြီးနောက် မတ် ၁၁ ရက်က တရုတ်သည် 737 Max လေယာဉ်များကို မပျံသန်းကြရန် ၎င်း၏လေကြောင်းလိုင်းများအား အမိန့်ထုတ်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်လာသည်။
ယင်းမတိုင်မီနေ့က အီသီယိုးပီယားလေကြောင်းလိုင်းမှ 737 Max လေယာဉ်သည် အဒစ်အဘာဘာမှ ပျံတက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ပျက်ကျသွားခဲ့ရာ တရုတ်ရှစ်ဦးအပါအဝင် လေယာဉ်ပေါ်၌ လိုက်ပါသွားသူ ၁၅၇ ဦး သေဆုံးခဲ့ရသည်။ အောက်တိုဘာလကမူ Lion လေကြောင်းလိုင်းမှ 737 Max လေယာဉ်တစ်စင်းသည်လည်း ဂျကာတာမှ ပျံတက်ပြီး မကြာမီမှာပင် ပျက်ကျသွားခဲ့ရာ လူ ၁၈၉ ဦးသေဆုံးခဲ့သည်။
737 Max 8 လေယာဉ်များ ပျံသန်းခွင့် မရှိသဖြင့် China Eastern ကုမ္ပဏီသည် ကြီးမားသော ဆုံးရှုံးမှုနှင့်ကြုံနေရပြီး ထိုဆုံးရှုံးမှုများမှာလည်း ဆက်လက်ကြီးထွားနေသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန်လေကြောင်းလုပ်ငန်းကြီး ဘိုရင်းက လုံခြုံရေးဆိုင်ရာပြဿနာများကို ဖြေရှင်းနေစဉ် ရှန်ဟိုင်းအခြေစိုက် China Eastern လေကြောင်းလိုင်းသည် 737 Max လေယာဉ် ၁၄ စင်းကို ပျံသန်းမှု ရပ်ဆိုင်းထားရသည်။ ကျန်လေကြောင်းလိုင်း နှစ်ခု၌ ပျံသန်းခွင့်မရှိသော MAX လေယာဉ်စင်းရေ မည်မျှရှိသည်ကို မသိရပေ။ တရုတ်လေကြောင်းလိုင်းများအားလုံးတွင် MAX ၉၆ စင်းရှိသည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
