ပြစ်မှုကျူးလွန်သူများထံမှ မက္ကဆီကိုရဲတပ်ဖွဲ့က သိမ်းဆည်းထားသော ဇိမ်ခံကား အမြောက်အမြားကို လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံက မေ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ Lamborghini Murcielago ကားတစ်စီး၊ Porsches ကားသုံးစီး၊ သံချပ်ကာဂျစ်ကား ဒါဇင်ပေါင်းများစွာအပါအဝင် ကားအစီးရေ ၈၂ စီးအား လေလံတင်ရောင်းချမှုမှ ရရှိလာမည့်ငွေများကို ဆင်းရဲသားများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ အန်ဒရက်စ်မန်နျူရယ်လိုပက်ဇ်အိုဘရာဒေါက ပြောကြားခဲ့သည်။
လေလံတင်ရောင်းချမှုကို မေ ၂၆ ရက်တွင် ကျင်းပရန်စီစဉ်ထားပြီး မက္ကဆီကိုအစိုးရအဖွဲ့က အသစ်ဖွဲ့စည်းပေးခဲ့သည့် “ပြည်သူများ လက်လွှတ်ဆုံးရှုံးခဲ့ရသည်များ ပြန်လည်ပေးအပ်ရေးအဖွဲ့” က လေလံပွဲကို ကြီးမှူးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိုဘရာဒေါက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
“ပြစ်မှုကျူးလွန်သူတွေဆီကနေ သိမ်းဆည်းထားတဲ့ အရာမှန်သမျှကို အဖွဲ့အစည်းတွေထံ ပေးအပ်သွားမှာပါ။ အထူးသဖြင့် နိုင်ငံရဲ့ ဆင်းရဲသားလူ့အဖွဲ့အစည်းတွေထံ ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု အိုဘရာဒေါက ဆိုသည်။
ဇိမ်ခံကားများ လေလံတင်ရောင်းချရန်အတွက် သတ်မှတ်ထားသည့် ကြမ်းခင်းစျေး စုစုပေါင်းမှာ ပီဆို ၂၈ သန်း (ဒေါ်လာ ၁.၅ သန်း) ဝန်းကျင်ရှိပြီး လေလံအောင်မည့် စျေးနှုန်းမှာ ထိုပမာဏထက် ပိုများလိမ့်မည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။ ပြစ်မှုကျုးလွန်သူများနှင့် အဂတိလိုက်စားသော နိုင်ငံရေးသမားများထံမှ သိမ်းဆည်းထားသည့် အိမ်ခြံမြေနှင့် လက်ဝတ်ရတနာများကို လေလံပွဲအသီးသီးကျင်းပ၍ ရောင်းချသွားမည်ဖြစ်ကြောင်း ရီကာဒိုက ပြောကြားခဲ့သည်။
မော်တော်ကားများ လေလံတင်ရောင်းချမည့်ပွဲကို သမ္မတအိမ်တော်ဟောင်း Los Pinos တွင် ကျင်းပမည်ဖြစ်သည်။ Los Pinos သမ္မတအိမ်တော်ကို အိုဘရာဒေါက အပြီးပိုင် စွန့်လွှတ်ခဲ့ပြီး ယဉ်ကျေးမှုစင်တာအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလတွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည့် အသက် ၆၅ နှစ်အရွယ် အိုဘရာဒေါသည် ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုတို့ ထူပြောနေသည့် နိုင်ငံအား ပြောင်းလဲပေးမည်ဟု ကတိပြုထားသူဖြစ်သည်။
သမ္မတအိုဘရာဒေါသည် သမ္မတတစ်ဦး ခံစားခွင့်ရှိသည့် ကိုယ်ရံတော်အစောင့်အရှောက်များ၊ ဂျက်လေယာဉ်နှင့် လစာ ၆၀ ရာခိုင်နှုန်းကို ရယူခြင်းမရှိဘဲ စွန့်လွှတ်ထားသည်။ လူပေါင်း ၂၅၀၀၀၀ ကျော် သေကျေပျက်စီးခဲ့သည့် အကြမ်းဖက်ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှုများ နှစ်ပေါင်းများ ဖြစ်ပွားခဲ့ပြီးနောက် ပြောင်းလဲမှုကို အလိုရှိနေသော မက္ကဆီကိုနိုင်ငံတွင် သမ္မတအိုဘရာဒေါမှာ လူထု၏ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားသူဖြစ်သည်။
သို့သော် ၂၀၁၈ ခုနှစ်၏ ပထမသုံးလအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုများကို ဟန့်တားထိန်းချုပ်နိုင်စွမ်းမရှိခြင်းအတွက် အိုဘရာဒေါသည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကာ ကျွမ်းကျင်ပညာရှင်များကလည်း နိုင်ငံတွင်း၌ အမြစ်တွယ်နေကြသည့် ဒေါ်လာဘီလျံနှင့်ချီ ကြွယ်ဝသော ဘိန်းဘုရင်များကို တိုက်ခိုက်ရန်အတွက် တိကျသည့် နည်းဗျူဟာကင်းမဲ့နေမှုအတွက် အိုဘဒေါအား အပြစ်တင်နေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
