လစ်ဗျား၌ ရှည်ကြာပြီး သွေးစွန်းသည့် စစ်ပွဲတစ်ပွဲဖြစ်လာနိုင်ခြေရှိသည်ဟု ကုလသမဂ္ဂသံတမန်က သတိပေးနေစဉ် ထရီပိုလီတောင်ပိုင်း၌ မေ ၂၁ ရက်တွင် ပြင်းထန်သည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ ယခင်ကထက် တိုက်ပွဲအရှိန်မြင့်တက်လာခဲ့သည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကို မြို့လယ်မှ ကြားရသည့်ယင်းတိုက်ပွဲသည် အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လစတင်သည့် မေ ၆ ရက် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။
စစ်ဘုရင် ခါလီဖာဟက်ဖ်တာက မြို့တော်ကို တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက် သီတင်းခြောက်ပတ်ကျော်အကြာတွင် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားညီညွတ်ရေးအစိုးရ Government if National Accord (GNA) ထောက်ခံသည့် တိုက်ခိုက်ရေးသမားများက တောင်ပိုင်း Salaheddin ဝန်းကျင်သို့ ချီတက်ခဲ့ကြသည်။
GNA ထောက်ခံသည့် တပ်ဖွဲ့ဝင်များသည် လူနေရပ်ကွက်အတွင်း နှစ်ကီလိုမီတာ(သို့မဟုတ်) သုံးကီလိုမီတာကျော်ပြီး ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု စစ်မြေပြင်ရှိ အေအက်ဖ်ပီဂျာနယ်လစ်များက ခန့်မှန်းခဲ့သည်။
ယင်းချီတက်မှုတွင် တိုက်လေယာဉ်များက မြေပြင်တပ်များကို အကူအညီပေးခဲ့ပြီး စစ်တန်းလျားတစ်ခုရှိ တင့်ကားများနှင့် လက်နက်ကြီးများကို တိုက်ခိုက်ပေးခဲ့သည်ဟု GNA ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Niystafa al- Mejii က ပြောကြားခဲ့သည်။
အီဂျစ်နှင့် ယူအေအီးတို့က ထောက်ခံသည့် ဟက်ဖ်တာသည် ၎င်း၏စစ်တပ် Libyan National Army (LNA)နှင့်အတူ ဧပြီ ၄ ရက်တွင် ထရီပိုလီကိုတိုက်ခိုက်မှု စတင်ခဲ့သည်။ သို့သော် GNA ထောက်ခံသည့် တပ်ဖွဲ့ဝင်များက ပြင်းထန်သည့်ခုခံမှုဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့သည်။ LNA သည် ထရီပိုလီတောင်ပိုင်းရှိ ဆင်ခြေဖုံးဒေသကို ထိန်းချုပ်ထားခဲ့သည်။
သီတင်းပတ်များစွာကြသည့် တိုက်ပွဲအတွင်း လူ ၅၁၀ သေဆုံးပြီး ၂၄၆၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ နောက်ဆုံးထုတ်ပြန်သည့် စာရင်းအရ သိရသည်။
လူ ၇၅၀၀၀ ကျော်သည် နေအိမ်မှ စွန့်ခွာထွက်ပြေးခဲ့ရပြီး လူ ၁၀၀၀၀၀ ခန့်သည် ပဋိပက္ခအတွင်း ပိတ်မိနေခဲ့သည်ဟု ကုလသမဂ္ဂထုတ်ပြန်ချက်အရ သိရသည်။
မြောက်အာဖရိကနိုင်ငံသို့ လက်နက်များစီးဆင်းမှုကို ပိတ်ဆို့ရန် ပိုမိုအားကောင်းသည့် ကြိုးပမ်းမှုများ လိုအပ်သည်ဟု လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် Ghassan Salame က မေ ၂၁ ရက်တွင် သတိပေးခဲ့သည်။
“ထရီပိုလီမြို့စွန်မြို့ဖျားမှာ တိုက်ပွဲဖြစ်ပွားမှုဟာ မြေထဲပင်လယ်ဒေသရဲ့ တောင်ပိုင်းကမ်းခြေတွေမှာ အချိန်ကြာပြီး သွေးစွန်းတဲ့ စစ်ပွဲတစ်ခုစတင်မှုဖြစ်ပြီး လစ်ဗျားရဲ့ လုံခြုံရေးဟာ အိမ်နီးချင်းတွေနဲ့ ကျယ်ပြန့်တဲ့ မြေထဲပင်လယ်ဒေသကို အန္တရာယ်ဖြစ်စေနိုင်တယ်” ဟု ၎င်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းက ချက်ချင်းအရေးယူဆောင်ရွက်မှုမရှိပါက လစ်ဗျားနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
တိုက်ခိုက်ရေးသမားများအတွက် ပေးပို့ခဲ့သည်ဆိုသော တူရကီနိုင်ငံထုတ် သံချပ်ကာယာဉ် ဒါဇင်များစွာ၏ ပုံများကို ထရီပိုလီအခြေစိုက် GNA အစိုးရက Facebook တွင် ဖော်ပြခဲ့ပြီးနောက် Salame က ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဟက်ဖ်တာထောက်ခံသူများ၏ ဝက်ဘ်ဆိုက်များတွင်လည်း LNA အတွက် ထောက်ပံ့ခဲ့သည်ဆိုသော ဂျော်ဒန်နိုင်ငံထုတ် သံချပ်ကာကားများ၏ ဓာတ်ပုံနှင့် ဗီဒီယိုကို ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
