ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပိတောက်လမ်းတွင် အဆောင်နေ အသက် (၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓါတ်လိုက် ေ-သဆုံးမှု ဖြစ်ပွားခဲ့ရကြောင်း ရွှေပြည်သာမြို့နယ် ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာ (၂၃)ရက် နံနက် (၅)နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ ပိတောက်လမ်းမပေါ် သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်ကြိုးမှာ ပြတ်၍အောက်ရှိ ရေထဲသို့ ပြုတ်ကျနေသည်ကို မသိရှိဘဲ ၎င်းအမျိုးသမီးမှ အလုပ်သွားရန် အပြင်သို့ ထွက်လာချိန် ဓါတ်လိုက်ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူတို့က ဆိုသည်။
“လမ်းပေါ်မှာ သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်ကြိုးကအောက်ကရေထဲကို ပြုတ်ကျနေတာ။သူကအလုပ်သွားဖို့ အဆောင်အပြင်ဘက် လမ်းမပေါ်ကို ထွက်လာတာ။အဲဒီမှာ ဓာတ်လိုက်တယ်လို့ အော်ပြီးလဲကျ ေ-သဆုံးရတာပါ”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောသည်။
အသက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးမှာ မနော်ဖူး အသက် (၄၀) နှစ်အရွယ်ဖြစ်ပြီး ၎င်းမှာ အဆောင်တွင် တစ်ယောက်တည်း တစ်ခန်းနေထိုင်သူ တစ်ဦးဖြစ်ကာ ၎င်းေ-သဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ (၂၁)ရက်မှ စတင်၍ ရွှေပြည်သာတစ်မြို့နယ်လုံး ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရပြီး ရေဘေးသင့် အိမ်ထောင်စုများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ ပရဟိတအသင်းများမှ ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
