ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန်အတွက် ရုရှားနိုင်ငံ ဗော်လ်ဂါဒေသ ကာဇန်မြို့သို့ ရောက်ရှိလာကြောင်း တာတာစတန်နိုင်ငံတော်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၎င်းထုတ်ပြန်ချက်အရ ဂူတာရက်စ်အား ကာဇန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာတာစတန် သမ္မတ နိုင်ငံတော်ကောင်စီဥက္ကဌ Farid Mukhametshin မှကြိုဆိုခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ်တာဝန်ယူမှုဖြင့် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကာဇန်မြို့ ၌ ကျင်းပမည်ဖြစ်သည်။ BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့က ၂၀၀၆ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ ပူးပေါင်းပါဝင်ခဲ့သည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်မူ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့သည်လည်း BRICS အဖွဲ့ဝင်များဖြစ်လာခဲ့ကြသည်။ Kazan ထိပ်သီးအစည်းအဝေးသည် အသင်း၏ အဖွဲ့ဝင်အသစ်များ ပထမဆုံးတက်ရောက်ကြမည့် အစည်းအဝေးဖြစ်ပြီး၊ နိုင်ငံပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
