ဗဟိုဘဏ်မှ FX Market Online Trading Platform မှတဆင့်အမေရိကန်ဒေါ်လာ (၇.၅) သန်းကျော်နှင့် ထိုင်းဘတ်သန်း (၁၅၀) နီးပါးကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၂) ရက်တွင် ငွေလဲနှုန်း (၃၅၆၁) ကျပ်ဖြင့် အမေရိကန်ဒေါ်လာ (၇.၅) သန်းကျော်နှင့် ငွေလဲနှုန်း (၁၁၅.၉)ကျပ်ဖြင့်ထိုင်းဘတ်သန်း (၁၅၀) နီးပါးကို ထုတ်ရောင်းပေးခဲ့သည်။
ထို့ပြင် အောက်တိုဘာလ (၂၁) ရက်တွင်လည်း FX Market Online Trading Platform မှတဆင့် တစ်ဒေါ်လာ (၃၅၅၆) ကျပ်ဖြင့်ဒေါ်လာ (၂.၂၀၃) သန်းနှင့် တစ်ယွမ် (၅၂၂) ကျပ်ဖြင့် တရုတ်ယွမ် (၁.၅၅၅) သန်း ထုတ်ရောင်းပေးထားခဲ့ကြောင်း သိရသည်။
ယခုတစ်ကြိမ် ထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ (၁) ရက်မှ အောက်တိုဘာ (၂၀)ရက်အထိ နှစ်လခွဲကျော်အတွင်း ဒေါ်လာ (၃၉၂.၅)သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီး အလားတူ ထိုင်းဘတ် (၇၁၇) သန်းကျော် နှင့် တရုတ်ယွမ် (၃၂)သန်းခွဲခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
