■ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲ နေပြည်တော်တွင် ကျင်းပ
■ အခမ်းအနားသို့ INTERPOL ဥက္ကဋ္ဌ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲချုပ်များ၊ ဆွေးနွေးဘက်နိုင်ငံနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲအား နေပြည်တော်တွင် ကျင်းပခဲ့ပြီး နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ (အောက်တိုဘာ ၂၂ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန( ၁ )၌ ကျင်းပရာ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
(၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အထူးဧည့်သည်တော် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ဥက္ကဋ္ဌ Mr. Ahmed Naser Al-Raisi । အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲချုပ်များ၊ အဆင့်မြင့်ရဲအရာရှိကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဘက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဘက်နိုင်ငံနှင့် အဖွဲ့အစည်းများ(Observers) ဖြစ်သည့် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ညီလာခံဖွင့်ပွဲမတိုင်မီ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် နစကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)ရှိ အခန်းအမှတ်(၂၀၀၄) ၌ ဂါရဝပြု တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်ခဲ့သည့်နေ့ အထိမ်းအမှတ် အစီအစဉ်ဖွင့်လှစ်ပေးခြင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်သည့်နေ့ အထိမ်းအမှတ်အဖြစ် ၁၉၈၁ ခုနှစ်မှ ယနေ့အထိ အာဆီယံရဲအဖွဲ့၏ ဆောင်ရွက်ချက်များကို ဗီဒီယိုပြသခြင်း၊ အထူးဧည့်သည်တော်က အမှာစကားပြောကြားခြင်း၊ ဂုဏ်ထူးဆောင် ဧည့်သည်တော်က ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြား၍ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ညီလာခံပထမနေ့အဖြစ် ပထမအကြိမ် စုံညီအစည်းအဝေး၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးမှုဖိုရမ်၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်ဆွေးနွေးဖက်နိုင်ငံ/အဖွဲ့အစည်းများအကြား ဆွေးနွေးမှုဖိုရမ်တို့ကို ပြုလုပ်၍ ကော်မရှင် (အေ)၊ ကော်မရှင်(ဘီ)နှင့် ကော်မရှင်(စီ) အစည်းအဝေးများကို တစ်ပြိုင်နက်တည်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော်မရှင် (အေ)နှင့် ကော်မရှင် (ဘီ) အစည်းအဝေးများတွင် နိုင်ငံအလိုက် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းနယ်ပယ်များဖြစ်သော မူးယစ်ဆေးဝါး မှောင်ခိုမှု (Illicit Drug Trafficking)၊ အကြမ်းဖက်မှု (Terrorism)၊ လက်နက်မှောင်ခိုမှု (Arms Smuggling)၊ လူကုန်ကူးမှု (Trafficking in Person)၊ တောရိုင်းတိရိစ္ဆာန်ဆိုင်ရာ ပြစ်မှု (Wildlife Crime)၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု (Maritime Fraud)၊ စီးပွားရေးဆိုင်ရာမှုခင်း၊ဘဏ်မှုခင်းများ၊ ခရက်ဒစ်ကတ်လိမ်လည်မှု (Commercial Crimes Bank Offences and Credit Card Fraud)၊ ဆိုက်ဘာရာဇဝတ်မှု (Cybercrime)၊ ခရီးသွား စာရွက်စာတမ်းအတုပြုလုပ်မှု (Fraudulent Travel Document) နှင့် နိုင်ငံဖြတ်ကျော် လိမ်လည်မှု(Transnational Fraud)တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြမည်ဖြစ် ကြောင်း၊ ကော်မရှင် (စီ) အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား အီလက် ထရောနစ် Databaseစနစ် (e-ADS) အသုံးပြုရေး၊ မှုခင်းဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့များအကြား အပြန်အလှန်လေ့ကျင့်သင်တန်းပေးရေးနှင့် အာဆီယံ ရဲအဖွဲ့ မှုခင်းသိပ္ပံကွန်ရက်တည်ထောင်ရေးစသည့် အကြောင်းအရာ (၄)ရပ်ကို ဆွေးနွေးကြမည်ဖြစ်ပြီး ကောင်မရှင်များအလိုက် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို စုစည်း၍ ပူးတွဲကြေညာချက် (မူကြမ်း) ပြုစုကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် တစ်နှစ်အကြာ ၁၉၉၈ ခုနှစ်တွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် (၂)နှစ်အကြာ ၂၀၀၀ ပြည့်နှစ်တွင် အကြိမ်(၂၀)မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် လက်ခံကျင်းပပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် (၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ဒုတိယအကြိမ် လက်ခံကျင်းပပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို တတိယအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြစ်ပြီး ညီလာခံ၏ဆောင်ပုဒ်မှာ “နိုင်ငံဖြတ်ကျော်မှုခင်း များတိုက်ဖျက်ဖို့ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာအားကောင်းရေး ဆောင်ရွက်စို့ (Strengthening Regional and Global Partnerships to Combat Transnational Crime)" ဖြစ်ကြောင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်ခဲ့သည့်နေ့ အထိမ်းအမှတ်အစီအစဉ်သည် ၁၉၈၁ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် အာဆီယံရဲအဖွဲ့ စတင်ထူထောင်ခဲ့ပြီးနောက် ၄၃ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပထမဆုံး အကြိမ် လက်ခံကျင်းပပေးနိုင်ခဲ့သည့် ညီလာခံအစီအစဉ်တစ်ရပ်ဖြစ်ကြောင်း၊ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား အောက်တိုဘာ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
