ပြည်ပရောက် မြန်မာဂျာနယ်လစ်များနှင့် ပြည်တွင်း မြန်မာဂျာနယ်လစ်များအတွက်ဟုဆိုကာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ၎င်းတို့၏ စီမံချက်အသစ်ကို စတင်ခဲ့သည်ဟု သိရသည်။
မြန်မာသတင်းလွတ်လပ်ခွင့်စီမံချက်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတင်ခဲ့သည်။
ချင်းမိုင်သည် ပြည်ပရောက် မီဒီယာသမား အများစု အဓိကအခြေစိုက်ရာနေရာဖြစ်သည်။
RSF အထွေထွေဒါရိုက်တာ သီဘောက်ဘရွတ်တင် ဦးဆောင်သော ယင်းအစီအစဉ် သည် မြန်မာဂျာနယ်လစ်အများအတွက် မုချလိုအပ်သော တန်ဆာပလာများနှင့်သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
မြန်မာဂျာနယ်လစ်များကို လပ်တော့ပ် များ၊ မိုဘိုင်းဖုန်းများ၊ ဆိုလာဘက်ထရီများ၊ ဒစ်ဂျစ်တယ် လုံခြုံရေး တန်ဆာပလာများ ပံ့ ပိုးပေးမည်ဖြစ်သည်။
Exiled Hub နှင့်ပူးပေါင်းဆောင်ရွက်သော ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံက အခြေအနေများကို ဆက်လက်သတင်းရေးသားပေးပို့နေသော ဂျာနယ်လစ်များ၏စွမ်းရည်ကို မြှင့်တင်ပေးမည့် အားလုံးလွှမ်းခြုံ သော သင်တန်းအစီအစဉ်များကို ဖွင့်လှစ်ပေး ရန် RSF က စီစဉ်ထားသည်။
RSF ၏အာရှ-ပစိဖိတ်ဗျူရို ကိုယ်စား လှယ်များဖြစ်သော စီးဒရစ်အယ်လ်ဗီယာနီ ( ဒါရိုက်တာ)နှင့် ရှာတက်ရှီဗားမာ(ပရော်ဂျက် နှင့် ဖွံ့ဖြိုးရေး မန်နေဂျာ)တို့သည် ထိုင်း-မြန် မာနယ်စပ်တစ်လျှောက်သွားခဲ့သည့် ယခင်မစ် ရှင်များအတွင်း အဆိုပါလိုအပ်ချက်များကို ဖော်ထုတ်ရာတွင် သိသာထင်ရှားသောကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
ချင်းမိုင် တွင် ပြုလုပ်သော အခမ်းအနား ကို ၎င်းတို့နှစ်ဦး တက်ရောက်ခဲ့သည်။
နစကလက်ထက်တွင် မြန်မာသတင်း မီဒီယာအများအပြား ပြည်ပသို့ထွက်၍ လုပ် ကိုင်ခဲ့ကြသည်။
အနည်းဆုံး သတင်းမီဒီယာ ၆၀ သည် ပြည်ပ အထူးသဖြင့် ထိုင်းသို့ ပြောင်းရွှေ့ကာ လုပ်ကိုင်နေကြရသည်။
RSF သည် မြန်မာဂျာနယ်လစ် ၁၀၀ ခန့်ကို လွန်ခဲ့သော နှစ်များတွင် ထောက်ပံ့ ပေးခဲ့ရာ ပစ္စည်းကိရိယာများ၊ ငွေကြေး၊ ဘေး ကင်းရေး သင်တန်းပေးခြင်းတို့ကို ပံ့ပိုးပေးခဲ့ သည်ဟု သိရသည်။
RSF ၏ ၂၀၂၄ ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာနိုင်ငံ သည် နိုင်ငံ ၁၈၀ အနက် အဆင့် ၁၇၁ သတ် မှတ်ခံရသည်။
RSF ၏ ယင်းစီမံချက်တွင် Exiled မီဒီယာများကို ပံ့ပိုးကူညီမှုများ အဓိက ပြုလုပ်သွားဖွယ်ရှိနေပြီး ၎င်း၏ အစီအစဉ်အသေး စိတ်ကိုမူ ဖော်ပြထားခြင်းမရှိသေးပေ။
Ref: The Online Citizen
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
