Top News

မြန်မာ-ရုရှား သိပ္ပံနည်းပညာနှင့် အင်ဂျင်နီယာ ဘာသာရပ်များ ပူးပေါင်းဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာတော်သင်ရရှိရေး ဆွေးနွေး
24htopnews | October 23, 2024 5:12 PM CST

မြန်မာ-ရုရှား သိပ္ပံနည်းပညာနှင့် အင်ဂျင်နီယာ ဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာတော်သင်ရရှိရေး ကိစ္စရပ်များကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State Univer sity မှ Mr. Vorozhtsov Alexander Borisovich တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Voro zhtsov Alexander Borisovich နှင့် ကိုယ်စားလှယ်များကို အောက်တိုဘာ (၂၂) ရက်က လက်ခံတွေ့ဆုံရာတွင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University(TSU)တို့ အကြား တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ တက္ကသိုလ်များအကြား နားလည်မှု စာချွန်လွှာများ ရေးထိုးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သုတေသန ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ မြန်မာ-ရုရှား သိပ္ပံနည်းပညာနှင့် အင်ဂျင်နီယာ ဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ပြီး ကျွမ်းကျင်ပညာရှင်များနှင့် လူငယ်သိပ္ပံပညာရှင်များ လာရောက်ခြင်းနှင့် ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ ပညာတော်သင် ရရှိရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


READ NEXT
Cancel OK