တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး စက်လှေတိမ်းမှောက်မှုတွင် စက်လှေ၌ လူ ၉၇ ဦးလိုက်ပါလာခဲ့ပြီး ယနေ့(အောက်တိုဘာ ၂၃) ရက်အထိ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူ ၇၁ ဦး ရှိကြောင်း သိရသည်။
တိမ်းမှောက်သွားသော စက်လှေတွင် စစ်ဘေးဒုက္ခသည်များအပါအဝင် သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ပြန်လာကြသည့် ကျောင်းသားများ၊ ကျောင်းသားမိဘများနှင့် တခြားခရီးသည်များ ပါလာခြင်း ဖြစ်ပြီး စုစုပေါင်း ရုပ်အလေ-ာင်း ၁၇ လေ-ာင်းအထိ ရှာတွေ့ထားပြီး ဖြစ်သည်။
“ကယ်ဆယ်ရှာဖွေရေးကို ကျွန်တော်တို့ ဒေသခံတွေနဲ့ ဆက်လုပ်နေတာရှိပါတယ်။ လှေမှောက်တာ လေးရက်ရှိပြီဆိုတော့ ကျန်တဲ့ ကိုးဦးကတော့ မျှော်လင့်ချက်နည်းသွားနိုင်တယ်” ဟု ကူညီရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တိမ်းမှောက်ထားသော စက်လှေကို ဆယ်ယူ၍ မရသေးပဲ ယင်းစက်လှေ၏ ဝမ်းဗိုက်အတွင်း၌ ရုပ်အလေ-ာင်းများရှိနိုင်သေးကြောင်းလည်း သူက ဆိုသည်။
“ကျွန်တော်တိူ့ ကောက်ယူလို့ရတဲ့စာရင်းအရ အဲလှေပေါ်မှာ ၉၇ဦးပါတယ်၊ ဒါပေမယ့် တချို့ကလေ-းတွေက ထောက်ခံစာ မယူရတော့ အဲဒီထက်လည်း ရှိနိုင်တယ်။” ဟု သူက ရှင်းပြသည်။
အဆိုပါ စက်လှေသည် (အောက်တိုဘာ၂၀)ရက် ညပိုင်းက တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ လေးရက်ကြာသည်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေဆဲ ဖြစ်သည်ဟုလည်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
