ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ (၂၁)ရက်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၉ ရပ်ကွက်၊ ခရေလမ်းရှိ ဒေသခံများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ ထမင်းဘူးနှင့် ရေသန့်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းလာရာ ရန်ကုန်မြို့၏ မြစ်ချောင်းများအနီးနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သော ဒေသခံများ၏ နေအိမ်များ ရေနစ်မြုပ်ခံရခြင်း၊ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရခြင်းစသည်ဖြင့် ရေကြီး၊ ရေလျှံမှုဒဏ် ခံစားနေရကြောင်း သတင်းများအရ သိရသည်။
“ဒီမှာက မိုးရွာပြီဆို ရေကဝင်ပြီ တော်တော်နဲ့လည်း ပြန်မကျဘူး။ ချက်ဖို့ ပြုတ်ဖို့ကတော့ ဘယ်လိုမှကို အဆင်မပြေဘူးလေ။ လူမှုကူညီရေးအသင်းတွေက ညဘက်ကြီး ရောက်လာပြီး စားစရာတွေ လာဝေတာ တကယ် ကျေးဇူးတင်ရပါတယ်။”ဟု ရပ်ကွက်နေထိုင်သူ တစ်ဦးက ပြောသည်။
ထို့ကြောင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ စေတနာအလှူရှင်များ လှူဒါန်းပေးသည့် ထမင်းထုပ်များ၊ သောက်ရေသန့်ဘူးများနှင့် အခြားစားသောက်ဖွယ်ရာများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၉ ရပ်ကွက်၊ ခရေလမ်းရှိ ရေဘေးသင့် ဒေသခံများ၏ နေအိမ်အရောက်၊ လက်ဝယ်အရောက် အောက်တိုဘာ (၂၂)ရက် ညပိုင်းက အခြား လူမှုကူညီရေးအသင်းများနှင့်အတူ လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း မြို့နယ် (၁၀)မြို့နယ်ထက်မနည်း ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရပြီး အချို့မြို့နယ်များတွင်လည်း နေထိုင်စားသောက်ရေး အကူညီများ လိုအပ်နေသေးကြောင်းနှင့် လူသားခြင်း စာနာထောက်ထားမှုအနေဖြင့် ဆက်လက်ကူညီဝေငှပေးနိုင်ရန် YRO အဖွဲ့ဝင် အသင်းများနှင့် အလှူရှင်များမှ ထပ်မံကြိုးစားလျက်ရှိကြောင်း သိရသည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
