ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နေအိမ်အတွက် လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၂၉၀ ဖြင့် ဈေးလျှော့ကာ လေလံတင်ရောင်းချရန် ယမန်နေ့အောက်တိုဘာ (၂၂ )ရက် ရုံးချိန်း၌ ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ခြံအမှတ်(၅၄)နေအိမ်ကို ကျပ်ငွေ (၃၁၅) ဘီလီယံနှင့် တစ်ကြိမ်၊ (၃၀၀)ဘီလီယံနှင့်တစ်ကြိမ် လေလံနှစ်ကြိမ်တိုင်တိုင်ရောင်းချခဲ့သော်လည်း လေလံဆွဲ ဝယ်ယူသူသည် မရှိသေးဆဲဖြစ်သည်။
ထို့ကြောင့် ကမာရွတ်ခရိုင် တရားရုံး၏ ရုံးချိန်း၌ ဦးအောင်ဆန်းဦးဘက်က ကြမ်းခင်းဈေးကို ပြောင်းလဲသတ်မှတ်ရန် တင်ပြခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ (၁၃) ရုံးချိန်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြန်လည်တင်ပြရန်ရှိနေကာ နှစ်ဖက်စလုံး၏ တင်ပြချက်များကို ကြားနာပြီးမှသာ တရားရုံးက ဆုံးဖြတ်မည် ဖြစ်သည်ဟုလည်း သိရသည်။
ရန်ကုန်မြို့တွင် ခြံအမှတ် (၅၄) ဟု ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ငွေကျပ် (၃၁၅) ဘီလီယံဖြင့် လေလံတင် ရောင်းချရန် ကမာရွတ်မြို့နယ် တရားရုံးက ယခုနှစ် ဇန်နဝါရီ (၂၅)ရက်က အမိန့်ချမှတ်ထားခြင်းဖြစ်ကာ လက်ရှိအချိန်ထိ လေလံဆွဲ ဝယ်ယူသူ မရှိသေးခြင်း ဖြစ်သည်။
ခြံအမှတ် (၅၄) ၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃)ဧက ကျယ်ဝန်းကြောင်းသိရကာ စတုရန်းပေ (၈၃၇၆၅.၈၈) ပေ ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
