(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ကရင်ပြည်နယ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို လာမည့် နိုဝင်ဘာလတွင် ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီ ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၅)ရက်မှ (၁၀) ရက်အထိ (၆၉)နှစ် မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ကရင်ပြည်နယ်ပွဲတော်ကို ပြုလုပ်သွားမည်ဖြစ်ပြီး ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ရိုးရာလှေလှော်နှင့် နဂါးလှေလှော်ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်၊ ဒေသအစားအစာနှင့်မုန့်ဈေးရောင်းပွဲ၊ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ၊ ဇာတ်သဘင်အကအလှများ၊ ဌာနဆိုင်ရာများနှင့် MSMEs ပြခန်းများ၊ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ – (၆၈ )နှစ်ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပနေပုံ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
