ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းတွင် ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ပွားပြီး အသက် (၅၀)ကျော်အရွယ် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာ (၂၃)ရက်၊ နေ့လယ် (၁၂)နာရီ (၂၅)မိနစ်အချိန့်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နေရာအရောက် အငှားယာဉ် (၂)စီး အိမ်စီးကား (၁)စီးတို့ ဆင့်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အသက် (၅၁) နှစ်အရွယ် အမျိုးသား (၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဖြစ်စဉ်နေရာမှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၂)ရက် ညပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အမျိုးသား (၂)ဦး ေ-သဆုံးခဲ့ရပြီး (၁)ဦးမှာ စိုးရိမ်ရဒဏ်ရာများရရှိခဲ့ရာမှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းများအရ သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
