Top News

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် လခြမ်းကျေးရွာ တကား ဒေသအတွင်းဘိန်းစိုက်ခင်း ၇၇ ဧက ဖျက်ဆီး
24htopnews | October 23, 2024 7:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ် လခြမ်းကျေး ရွာ တကားဒေသအတွင်း ဘိန်းစိုက်ခင်း ၇၇ ဧက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၃ ရက်တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထိုဒေသတွင် ‌ဒေသသုံးအရ အနည်းငယ်စိုက် ပျိုးလေ့ရှိကြသဖြင့် ပညာပေးဟောပြောပွဲ ပြုလုပ်ကာ ဖျက်ဆီးခဲ့ကြောင်း ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဖိလစ်ဝင်း၏ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ စိုက်ပျိုးရေး တို့ ထွေအုပ်တို့ သစ်တောတို့ စသဖြင့်ပေါ့ ပူး ပေါင်းအဖွဲ့တွေသွားပြီး ပညာပေးစည်းရုံးပြီး ဖျက်ခဲ့တာပေါ့။ ဟောပြောပွဲလည်း ဆောင် ရွက်ခဲ့တာရှိတာပေါ့။ ပြီးခဲ့တဲ့နှစ်ကလည်း အဲဒီလိုဆောင်ရွက်ခဲ့တာရှိတယ်။ အဲဒီဘက် ဒေသတွေက နည်းနည်းပါးပါး ဒေသအသုံး ပေါ့နော် ဒေသအသုံးပုံစံတော့ ရှိတာပေါ့။ ကြီးကြီးကျယ်ကျယ် စီးပွားဖြစ်ပုံစံတော့ မရှိ ပါဘူး။ စိုက်ပျိုးတာကလည်း ရေမြေအနေအ ထားအရ အဲဒီတစ်နေရာပဲ စိုက်ပျိုးလို့ရတာ ဆိုတော့ အဲဒီနေရာလေးပဲ စိုက်ပျိုးကြတာ။ တခြားနေရာမှာ စိုက်ပျိုးတာတော့ မရှိပါဘူး” ဟု ဦးဖိလစ်ဝင်းက ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နာဂတိုင်းရင်းသားကျေးရွာအချို့တွင် ဆေးဝါးအဖြစ်အသုံးပြုမှု၊ ဒေသအသုံးအဖြစ် ဘိန်းစိုက်ပျိုးမှုအနည်းငယ်ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရလည်း သိရသည်။

“နာဂရွာတချို့မှာ ဆေးဝါးအဖြစ် ဒေသ အသုံးစိုက်တာတွေရှိတယ်။ နာဂဘက်မှာက ခေတ်မီဆေးဝါးတွေလည်း မသုံးနိုင်တာရော ရိုးရာအရရော ဖျားတာနာတာ ဒဏ်ရာရတာ ဘာပဲဖြစ်ဖြစ် ဘိန်းပဲသုံးကြတယ်။ အများ ကြီးစားသုံးတာလည်း မဟုတ်သလို စီးပွားဖြစ် ရောင်းဝယ်တာလည်း မဟုတ်ဘူး။ ဘိန်းဖြူ အဆင့်အထိ‌တော့လည်း မရှိဘူး။ ဒီမှာက အဖြူတွေ မသုံးကြဘူး။ ဆေးဝါးတို့ ရိုးရာအရ ဘိန်းမဲအဆင့်လောက်ပဲ စားသုံးကြတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။           

 

 

 


READ NEXT
Cancel OK