Top News

ပဲခူးမြို့နယ် ကျေးရွာ တစ်ရွာတွင် စတုတ္ထတန်းကျောင်းသူအား မုဒိမ်းကျင့် လည်ပင်းညှစ်ကာ လျှာကိုက်ဖြတ်မှုဖြစ်ပွား
24htopnews | October 23, 2024 7:12 PM CST

ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာအုပ်စု ရှိ ရွာတစ်ရွာတွင ်စတုတ္ထတန်းကျောင်းသူတစ် ဦးအားတစ်ရွာတည်းနေ အိမ်ထောင်ရှိအမျိုး သားတစ်ဦးက မုဒိမ်းကျင့်ပြီး လည်ပင်းညှစ် သတ်ကာ လျှာကိုက်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေး ရွာအုပ်စု ---ကျေးရွာရှိ မ--- စတုတ္ထတန်း တက်နေသူသည် ဇန်နဝါရီ ၁၀ ရက် ည ၉ နာရီခွဲခန့်က ရွာအလယ်တန်းကျောင်းခွဲတွင် ကျောင်းကပွဲ၌ ဖျော်ဖြေရန်အကတိုက်ပြီး အိမ်ပြန်ရန် စောင့်ဆိုင်းနေစဉ် ၎င်း၏အ တန်းဖော်ဖြစ်သူ၏ အစ်ကိုဖြစ်သူ ခေါ်တော (ခ) တင်ထွန်းနိုင် (၁၉ နှစ်)က အိမ်သို့ပြန်ပို့ ပေးမည်ဟုဆိုကာ ညီမဖြစ်သူနှင့်အတူ ဆိုင် ကယ်ပေါ်တင်၍ခေါ်ဆောင်သွားကြောင်း သိရသည်။

ခေါ်တော (ခ) တင်ထွန်းနိုင်မှာ ညီမဖြစ် သူအား အိမ်တွင်ချပေးထားခဲ့ပြီး မ--- အား သူမ၏အိမ်သို့ပို့ဆောင်မပေးဘဲ ကျေးရွာအ နီး ရထားသံလမ်းဘေး လယ်ကွင်းထဲ၌ သား မယားတစ်ကြိမ် ပြုကျင့်ခဲ့သည်ဟ ုဆိုသည်။

ထို့နောက် ခေါ်တော(ခ)တင်ထွန်းနိုင် က မ---အား လည်ပင်းကိုညှစ်သတ်စဉ် လျှာထွက်လာ၍လျှာကို ပါးစပ်နှင့်ကိုက်ဖြတ်ပြီးသေပြီအထင်နှင့် ပစ်ထားခဲ့သော်လည်းမ--- မှာ အသက်မသေဘဲ သတိရလာပြီး အဝတ် မပါဘဲ ဒဏ်ရာများဖြင့် အိမ်သို့ပြန်ရောက်လာ စဉ် ဆွေမျိုးများက မေးမြန်းရာ ပါးစပ်နှင့်မ ပြောနိုင်၍စာရွက်နှင့် ဘောပင်ပေးရာ ခေါ် တောဟုရေးပြကာ စာရေးပြီးအားလုံးရှင်းပြ ခဲ့သည်ဟု ဆိုသည်။

“ကလေးမလေးပြန်ပြောတာက သူတို့ ကျောင်းမှာ အကတိုက်ပြီးတော့ ခေါ်တောနဲ့ ပြန်လာတာ။ ခေါ်တောညီမလေးလည်းပါတယ်။ ခေါ်တောက သူ့ညီမလေးကို အိမ်မှာ ထားခဲ့ပြီး သူ့ကိုပြန်မပို့ပေးဘဲ လယ်ကွင်းထဲ ခေါ်ပြီး သားမယား တစ်ခါပြုကျင့်တယ်။လည်ပင်းညှစ်သတ်တာ လျှာထွက်လာတော့ လျှာကို ကိုက်ဖြတ်တယ်။ သူ့ကိုသေပြီဆိုပြီး ထားခဲ့တာ မသေဘဲသတိရလာပြီး ထလာတာလို့ သိရပါတယ်။ ခေါ်တောက မိန်းမရှိတယ်။ ကိုယ်ဝန်ကြီးနဲ့ ပြီးခဲ့တဲ့စနေနေ့ကပဲ ကလေး မွေးထားတာ။ ကျွန်တော်တို့ အမှုဖွင့်တိုင်ကြား ပြီးရဲတွေနဲ့ရပ်မိရပ်ဖတွေနဲ့ သွားဖမ်းတော့ သူ့အိမ်မှာပဲ ဖမ်းမိခဲ့တယ်။ သူ့အိမ်မှာပဲအိပ် နေတာ” ဟု အဆိုပါကျေးရွာမှ ရာအိမ်မှူးတစ် ဦးက ပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ခေါ် တော(ခ) တင်ထွန်းနိုင်အား ဖမ်းဆီးရမိခဲ့ပြီး ပဲခူးမြို့နယ် ဘုရားကြီးနယ်မြေရဲစခန်းတွင် (ပ) ၁၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/ ၃၀၇၊ အမှုကြီးအမှတ်စဉ် ၁/၂၀၂၀ ဖြင့် ဖမ်းဆီးအရေးယူထားပြီး ဇန်နဝါရီ ၁၃ ရက်က ပဲခူးမြို့နယ်တရားရုံးတွင် ရုံးထုတ်ရ မန်ယူခဲ့ကြောင်း သိရသည်။      

 

 

 


READ NEXT
Cancel OK