Top News

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် ဟွာမှုံ (Hua Meng) အထည်ချုပ်စက်ရုံမှ သပိတ်မှောက်အလုပ်သမားများ သပိတ်ရုပ်သိမ်းကာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်
24htopnews | October 23, 2024 7:12 PM CST

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့ရှိ ဟွာမှုံ(Hua Meng) အထည်ချုပ်စက်ရုံမှ သပိတ်မှောက်တောင်းဆိုမှုပြုလုပ်နေသော အလုပ်သမားများနှင့် အလုပ်ရှင်တို့ ဇန်နဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအမံဖြင့် သဘောတူစာချုပ် ဆိုကာ ညတွင်းချင်းသပိတ်စခန်းသိမ်းခဲ့ပြီး  ဇန်နဝါရီ ၁၄ ရက်တွင် လုပ်ငန်းခွင်သို့ပြန်လည် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သပိတ်မှောက်တောင်းဆိုမှု ပြုလုပ်သည့် ၃၆ ရက်မြောက်နေ့  ဆွေးနွေးမှုရလဒ်သဘော တူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး စာချုပ်ချုပ်ရန် ဆောင်ရွက်စဉ် အလုပ်ရှင်က ခံဝန်ကတိရေး ထိုးပေးရန်တောင်းဆိုချက်ကြောင့် ထပ်မံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ကြန့်ကြာမှုများရှိခဲ့ရာ အစိုးရအဖွဲ့အစီအမံဖြင့် စာစီကာပြန်လည် ပေးဖတ်ပြီးနောက်  အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“စက်ရုံဘက်က ဘာကိုတွေးပြီးစိတ်ပူလဲ ဆိုတော့ ဒီအလုပ်လုပ်မယ်ဆိုပြီး ပြန်ဝင်လာခဲ့ လို့ တကယ်လို့များ သပိတ်မှောက်တုန်းကလို ထပ်မံပြီး သပိတ်မှောက်ဦးမလားဆိုပြီး လက်မှတ်ထိုးပြီး ဝင်စေချင်တယ်။ အလုပ်သမားဘက်က ဘာစဉ်းစားလဲဆိုတော့ ခါတိုင်းလို ပဲအလုပ်လာဆင်းတာပဲ ခါတိုင်းလက်မှတ်ထိုး သလို Finger Print တွေဘာတွေယူတယ် လက်မှတ်ထိုးပြီးဝင်ချင်တယ်။ ခံဝန်ကတိမျိုး နဲ့ လက်မှတ်မထိုးချင်ဘူး။ အဲဒီလိုဖြစ်တဲ့အ တွက် စာချုပ်ပေါ်မှာ နည်းနည်းလေးအရေး အသား ကွာခြားသွားတယ်။ အဲဒီတော့ ဟို ဘက်ကလည်း ဒါမပါရင်မထိုးချင်ဘူး ဒီဘက် လည်းဒါမပါရင် မထိုးချင်းဘူးနဲ့ နည်းနည်း လေးပြဿနာတက်တယ်။ အဲဒီမှာ ဆရာတို့ ဝန်ကြီးချုပ်ကိုလည်း မေးတယ်။ အစိုးရအဖွဲ့ရုံး က တိုင်ပင်ပြီးလုပ်လိုက်တဲ့အခါကျတော့  အ စိုးရအဖွဲ့အစီအမံနဲ့ ခံစားချက်တွေပါတဲ့ စာ သားတွေဖြုတ်ချပြီးတော့ မူလတကယ့်အချက် ရှစ်ချက် စစ်စစ်မှန်မှန်ကို ပြန်ပြီးရွေးထုတ်ပြီး တော့ စာစီလိုက်တဲ့အခါကျတော့ သူတို့ပြန် ဖတ်တဲ့အခါမှာ အရမ်းဝမ်းသာသွားတယ်။နှစ်ဖက်စလုံးက တစ်ထိုင်တည်းသဘောတူပြီး တော့ အားရပါးရ သဘောတူစာချုပ်အကုန်လုံး လက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးဝင်း က ပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ နောက် နောင်တွင် ယခုကဲ့သို့အဖြစ်မျိုး မဖြစ်အောင် တားဆီးလိုက်နိုင်ကြောင်း၊ ဖြေရှင်းပုံဖြေရှင်း နည်းမှာ အလုပ်သမားရေးရာဖြေရှင်းခြင်း  ဥပဒေပါအတိုင်း ဆောင်ရွက်ပါက ယခုကဲ့သို့ အခက်အခဲမရှိနိုင်သည်ကို ရှင်းပြခဲ့ကြောင်း နှင့် နှစ်ဦးနှစ်ဖက်စလုံး အကျိုးယုတ်စေသည့် ကိစ္စများမဖြစ်ပွားအောင် လုပ်ဆောင်နိုင်ခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်မတို့သပိတ်စခန်းသိမ်းပြီး မနက် ရနာရီခွဲအမီ အလုပ်သမားတွေ အလုပ်ဆင်း ပါမယ်။ သူတို့မူလနေရာ မူလအလုပ် မူလရာထူးအတိုင်း အလုပ်ဆင်းရမှာဖြစ်ပါတယ်ဟု အလုပ်မားများ၏ ကိုယ်စားလှယ်ဖြစ်သူ ဒေါ် ခခက ပြောကြားသည်။

၂၀၁၉ ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ အလုပ်သမားများ၏တောင်းဆိုရှစ်ချက်ကို ခုံသမာဓိရုံး၏ဆုံးဖြတ်ချက်အား ကျေနပ်မှုမရှိသောကြောင့် သပိတ်မှောက်တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှု ခုနစ်ကြိမ်ကျော် ပြု လုုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ကာ ဧရာဝတီတိုင်းဒေကြီးအတွင်း ပထမဆုံးအကြိမ် သပိတ်မှောက်တောင်းဆိုခဲ့သည့် အလုပ်သမားသပိတ်ဖြစ်ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK