Top News

မြဝတီမြို့တွင် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်သော တရုတ်နိုင်ငံသားများအား စတင်စစ်ဆေး
24htopnews | October 23, 2024 7:12 PM CST

ကရင်ပြည်နယ် မြဝတီမြို့၌  လာရောက် စီးပွားရေးလုပ်ကိုင်သူ တရုတ်နိုင်ငံသားများ အနက် တရားမဝင် ဝင်ရောက်နေထိုင်သူရှိ မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်န ၀ါရီ ၁၄ ရက်က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအပါအဝင် ပြည်နယ်ရဲတပ်ဖွဲ့၊ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့ နှင့် မြဝတီခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့က ဆောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ရှမ်းလမ်း ခွဲတစ်လျှောက်ရှိ တရုတ်နိုင်ငံသားများ ငှား ရမ်းနေထိုင်အလုပ်လုပ်ကိုင်သည့် နေအိမ်တန်း လျားများအား အဖွဲ့များခွဲ၍ စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၃၀ ခန့် တွေ့ရှိခဲ့၍ ခေါ်ယူစစ်ဆေးခဲ့သည်။

တရုတ်နိုင်ငံသားများ လာရောက်ရင်းနှီး မြှုပ်နှံမှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်လာသော် လည်း တရားဝင်နေထိုင်ခြင်းရှိ မရှိကို တစ်လ လျှင် နှစ်ကြိမ် သုံးကြိမ် စစ်ဆေးသွားမည်ဖြစ် ကြောင်း၊ အိမ်ငှားပေးသူ အိမ်ရှင်များကိုလည်း ဧည့်စာရင်းတိုင်ခြင်းရှိ မရှိစိစစ်ကာ အရေးယူ သွားမည်ဖြစ်ကြောင်း မြဝတီခရိုင်လဝကမှူး  ဦးဇော်ဇော်အောင်က ပြောကြားသည်။

မြဝတီမြို့ ရပ်ကွက်များအတွင်း ယခင် လက တရုတ်စာတန်းပါ ဆိုင်ဘုတ်များအား ရှင်းလင်းဖယ်ရှားခဲ့သလို  ယခုအခါ တရားမဝင်နေထိုင်မှ ုရှိ မရှိကို လစဉ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြဝတီ မြို့ သောင်ရင်း ကမ်းစပ်တစ်လျှောက်တွင် ကာစီနိုလောင်းက စားရုံ ယခင်ထက်များပြားလာသလို မြို့တွင်း၌ ဂိမ်းရုံများလည်း ပြန်လည်ဖွင့်လှစ်လာခြင်းကြောင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုမှာလည်း ယခင်ထက်မြင့်တက်လျက် ရှိသည်ဟု ဒေသခံများက ပြောကြားသည်။


READ NEXT
Cancel OK