Top News

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နိုင်ငံခြားသားနှင့် ခရိုနီများပိုင်ဆိုင်သည့် အကြွေစေ့သုံးလောင်းကစားဂိမ်းဆိုင်များကို စိစစ်ရာတွင် လာဘ်ပေးလာဘ်ယူများ ရှိသဖြင့် ဖော်ထုတ်အရေးယူရန်ခဲယဉ်းနေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား
24htopnews | October 23, 2024 7:12 PM CST

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားနှင့် ခရိုနီများ ပိုင်ဆိုင်သည့် အကြွေ စေ့သုံး လောင်းကစားဂိမ်းဆိုင်များကို စိစစ်ရာတွင် လာဘ်ပေးလာဘ်ယူများရှိသဖြင့် ဖော် ထုတ်အရေးယူရန် ခဲယဉ်းနေကြောင်း လမ်းမ တော်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေး မာက ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် ၁၁  ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့  နယ်များတွင် ကလေးကစားကွင်း အမည်ခံ လိုင်စင်ယူထားပြီး လောင်းကစားပြုလုပ်နေ သော ဆိုင်များကို ရှောင်တခင်ဝင်ရောက်ဖမ်းဆီးမှသာ အမှန်တကယ်ဖော်ထုတ်နိုင်ခြင်း မဟုတ်ဘဲ အခြားနည်းလမ်းများဖြင့် ထိရောက်စွာ တားမြစ်အရေးယူဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိမရှိ မေးခွန်းမေးမြန်းရာတွင် ယင်းကဲ့သို့ ဒေါ်အေးအေးမာက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြွေစေ့သုံး လောင်းကစားဆိုင်များ ကို စိစစ်ဖော်ထုတ် ပိတ်သိမ်းအရေးယူခြင်း များကို လုပ်ဆောင်ရာမှာ ၎င်းမြို့နယ်များ မှာ ရှိတဲ့ ရဲတပ်ဖွဲ့များအနေနဲ့ စုံစမ်းဖော်ထုတ် နိုင်မှုကိုလည်း အထိုက်အလျောက်သိရှိပါ တယ်။ သို့သော်လည်း အခြားလောင်းကစား ဆိုင်ကြီးများဖြစ်တဲ့ နိုင်ငံခြားသားများနဲ့ ခရိုနီ များ ပိုင်ဆိုင်တဲ့ ကစားကွင်းများဟာဆိုရင် လာဘ်ပေးလာဘ်ယူမှုများနဲ့ ဖော်ထုတ်အရေး ယူနိုင်ဖို့ ခဲယဉ်းပါတယ်။ ဖမ်းဆီးမယ်ဆိုပါ သော်လည်း ကြိုတင်သတင်း ပေးမှုများကြောင့် စက်များ၊ လူများ ကြက်ပျောက်ငှက်ပျောက် ဖြစ်ပြီး သတင်းအမှားအဖြစ်သာ ဖော်ပြခဲ့ပါ တယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက ပြောကြားသည်။

ထို့ပြင် ဖြစ်စဉ် တစ်ခုအနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လမ်းမတော်မြို့နယ်ရှိ အကြွေစေ့ ဂိမ်းဆိုင်တစ်ဆိုင်ကို CID က ဝင်ရောက်ဖမ်းဆီးရာ မန်နေဂျာမှ လုံခြုံရေး များအထိ ဖမ်းဆီးမိသော်လည်း ဆိုင်ပိုင်ရှင် နိုင်ငံခြားသားမှာ ထွက်ပြေးလွတ်မြောက်နေ ခဲ့ပြီး ဆိုင်လိုင်စင်မှာ ကလေးကစားကွင်းလိုင် စင် ရယူထားခြင်းဖြစ်ကြောင်း ဒေါ်အေးအေးမာက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာ၏ မေးမြန်းမှုနှင့်ပတ်သက်၍ မြို့ တော်ဝန်ဦးမောင်မောင်စိုးက “ဂိမ်းကိုအ ကြောင်းပြပြီး  Gambling လုပ်တာကတော့ လုပ်တဲ့သူရဲ့အပြစ်ပါ။ လိုင်စင်ရတဲ့သူရဲ့အပြစ် ပါ။ ဂိမ်းဆိုင်တွေဖွင့်ပေးတာကတော့ စည်းကမ်းနဲ့အညီ Cabinet ကိုတင်ပြပြီး  Cabinet ကနေ အထွေထွေအုပ်ချုပ်ရေးက တစ်ဆင့် ပေးတာပါ။ ဖွင့်ခွင့် မဖွင့်ခွင်ကတော့  YCDC က စုံစမ်းစစ်ဆေးပေးတာ မှန်ပါတယ်”ဟု ပြောကြားသည်။

အပန်းဖြေအိမ်တွင်း ကစားနည်းခန်းမ လိုင်စင်လျှောက်ထားမှုကို ခွင့်ပြုရာတွင် သက်ဆိုင်ရာ မြို့နယ်ထွေအုပ်၊ စည်ပင်သာယာ ရေးအဖွဲ့များ စစ်ဆေးပြီးမှ သက်တမ်းတိုးခွင့် ပြုကြောင်း၊ လိုင်စင်အသစ်လျှောက်ထား ရာတွင် သက်ဆိုင်ရာမြို့နယ်ထွေအုပ်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားရပြီး ခရိုင်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က သက်ဆိုင် ရာနှင့် ပူးပေါင်းစစ်ဆေးကာ တိုင်းဒေသကြီး အ စိုးရသို့ပြန်လည်တင်ပြပြီး ထိုမှသာလိုင်စင် အသစ်ကို ခွင့်ပြုပေးခြင်းဖြစ်ကြောင်း မြို့ တော်ဝန်က ပြောကြားသည်။

လိုင်စင်ခွင့်ပြုရာတွင်  ဂိမ်းစက်များဝယ် ယူတင်သွင်းရာ၌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏သွင်းကုန်၊ ထုတ်ကုန်ခွင့်ပြုချက်၊ အကောက်ခွန်ဦးစီးဌာန၏ ခွင့်ပြုချက်၊  ပြည်တွင်းဦးစီးဌာနသို့အခွန်ပေး သွင်းပေးပြီး အထောက်အထား၊ ပတ်ဝန်းကျင် က ကန့်ကွက်မှုမရှိကြောင်း အထောက်အထား နှင့် မီးသတ်ဦးစီးဌာန၏ခွင့်ပြုချက်များ ပြည့်စုံမှသာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် လိုင်စင်ခွင့်ပြုခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ် တွင်းကစားနည်းခန်းမ လိုင်စင်များအနေ ဖြင့် အရှေ့ပိုင်းခရိုင်တွင် လေးခု၊ အနောက်ပိုင်း ခရိုင်တွင် ၁၇ ခု၊ တောင်ပိုင်းခရိုင်တွင် ၁၅ ခု၊ မြောက်ပိုင်းခရိုင်တွင် ၁၃ ခု စုစုပေါင်းလိုင်စင် ၄၉ ခု ခွင့်ပြုထားပြီး လျှောက်ထားဆဲလိုင်စင် နှစ်ခုရှိကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေဖြင့် နိုင်ငံခြားသားအမည်ဖြင့် လိုင်စင်ခွင့်ပြုပေးထားခြင်းမရှိကြောင်း မြို့တော်ဝန်က ပြောကြားသည်။

 

 


READ NEXT
Cancel OK