Top News

ဟာဇက် ထွက်ခွာသွားခြင်းနှင့် အပြောင်းအရွှေ့ပိတ်ပင်ခံရခြင်းတို့က ခက်ခဲစေသော်လည်း အကောင်းဆုံးလုပ်နိုင်မည်ဟု လမ်းပတ် ယုံကြည်
24htopnews | October 23, 2024 7:12 PM CST

ချယ်လ်ဆီးအသင်း၏နည်းပြဖြစ်သူ ဖရန့်လမ်းပတ် က အဓိက ကစားသမား ဟာဇက် ထွက်ခွာသွားခြင်းနှင့် အပြောင်းအရွှေ့ အပိတ်ခံရသည့်အခြေအနေတို့ကြောင့် မိမိအတွက် ခက်ခဲမှုများရှိနေသော်လည်း အကောင်းဆုံးလုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောကြားသွားခဲ့သည်။

 

ချယ်လ်ဆီးအသင်း၏နည်းပြဖြစ်သူ ဖရန့်လမ်းပတ် က အဓိက ကစားသမား ဟာဇက် ထွက်ခွာသွားခြင်းနှင့် အပြောင်းအရွှေ့ အပိတ်ခံရသည့်အခြေအနေတို့ကြောင့် မိမိအတွက် ခက်ခဲမှုများရှိနေသော်လည်း အကောင်းဆုံးလုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောကြားသွားခဲ့သည်။

     

လမ်းပတ်သည် ချယ်လ်ဆီးအသင်းနည်းပြဖြစ်လာချိန်တွင် အဓိက ကစားသမား ဟာဇက်က အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သလို၊ အသင်းကလည်း အပြောင်းအရွှေ့ပြုလုပ်ခွင့်ပိတ်ပင်ခံထားရသဖြင့် အသင်းကို စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်းမရှိခဲ့ချေ။

 

ယင်းအတွက်ကြောင့် အခြားအသင်းများနှင့်ယှဉ်လျှင် အားနည်းချက်များရှိပြီး အကယ်ဒမီထွက်လူငယ်များကို ပိုမိုအားပြုလာခဲ့ရသော်လည်း ယင်းလူငယ်များနှင့်အတူ မိမိတို့ အကောင်းဆုံးလုပ်ဆောင်နိုင်လိမ့်မည်ဟုယုံကြည်နေကြောင်းလည်း ပြောကြားခဲ့သည်။ 

လမ်းပတ်က "ဟာဇက် ထွက်ခွာသွားခြင်းက အသင်းကိုထိခိုက်စေပါတယ်။ ဟာဇက် ထွက်သွားတာဟာ ဘာပြဿနာမှ မရှိပါဘူးဆိုရင် ဒါဟာ လိမ်ပြောတာပဲဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် အပြောင်းအရွှေ့အပိတ်ခံရတဲ့အခြေအနေမျိုးမှာ ပိုပြီးခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသင်းကို ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ အခက်အခဲတွေရှိပေမယ့် အကောင်းဆုံးလုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ အသင်းမှာ အတွေ့အကြုံရင့်ကစားသမားတွေရှိသလို၊ ကမ္ဘာ့အဆင့်ကစားသမားတွေလည်း ရှိပါတယ်။ လူငယ်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နိုင်ပါလိမ့်မယ်"ဟု လမ်းပတ်က ပြောကြားခဲ့သည်။

    

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း လမ်းပတ်၏ အဖွင့်ပွဲစဉ်တွင် မန်ယူကို ဂိုးပြတ်ရှုံးခဲ့ခြင်းအပေါ် ကာကွယ်ပြောဆိုခဲ့ပြီး "ရလဒ်ကိုပဲ ကြည့်မယ်ဆိုရင်တော့ ခင်ဗျားတို့ တော်တော်ညံ့လို့ပဲ။ ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီးကစားတာ အရမ်းကောင်းလို့ပါ။ ဒီအသင်းက စိတ်ဝင်စားစရာအသင်းဖြစ်ပါတယ်။ လမ်းပတ်ရဲ့အစီအစဉ်ကောင်းတွေကိုလည်း မြင်နေရပါတယ်။ သူ အကောင်းဆုံးလုပ်ပြနေပါတယ်"ဟု ချီးကျူးပြောကြားခဲ့သည်။ 


READ NEXT
Cancel OK