Top News

ချန်ပီယံဆုများ ရယူလိုပါက ယခုထက်ပိုမိုတိုးတက်ရန်လိုကြောင်း အသင်းဖော်များကို ဂိုးမက်ဇ် သတိပေး
24htopnews | October 23, 2024 7:12 PM CST

လီဗာပူးလ်အသင်းနောက်ခံလူ ဂိုးမက်ဇ်က ယခုရာသီတွင် ချန်ပီယံဆုများ ရယူလိုပါက မိမိတို့အနေဖြင့် ယခုထက်ပိုမိုတိုးတက်ရန် လိုအပ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းနောက်ခံလူ ဂိုးမက်ဇ်က ယခုရာသီတွင် ချန်ပီယံဆုများ ရယူလိုပါက မိမိတို့အနေဖြင့် ယခုထက်ပိုမိုတိုးတက်ရန် လိုအပ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် (၃) ပွဲကစားခဲ့ရာတွင် ပွဲတိုင်း ဂိုးပေးထားရပြီး ယင်း (၃) ပွဲတွင် ဂိုးကန်သွင်းခွင့် အကြိမ် (၄၀) အထိ ပေးခဲ့ရကြောင်း သိရသည်။

ယင်းပမာဏမှာ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ရာသီအစ (၃) ပွဲနှင့် ယှဉ်လျှင် (၂) ဆကျော်ပိုများနေကြောင်း သိရသည်။

ဂိုးမက်ဇ်က "ကျွန်တော်တို့အနေနဲ့ ကစားသမားတစ်ဦးချင်းရော၊ အသင်းလိုက်ပါ တိုးတက်ဖို့ လိုအပ်ပါတယ်။ ဒီရာသီမှာ အသင်းရဲ့ နောက်တန်းက လွဲချော်နေတာတွေ ရှိတယ်။ မှားနေတာတွေ ရှိတယ်။ ပြီးတော့ ပထမပိုင်းတွေမှာ ကျွန်တော်တို့အနေနဲ့ ပထမပိုင်းတွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်သေးခြင်း မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုတွေကို စိန်ခေါ်ဖို့ဆိုရင်တော့ အခုထက်ပိုကောင်းအောင် လုပ်ဖို့လိုမယ်" ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရမှတ် (၉၇) မှတ်အထိ ရရှိခဲ့သော်လည်း မန်စီးတီးအသင်းက (၁) မှတ်အသာဖြင့် ချန်ပီယံကို ရယူသွားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ယခု ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် တန်းတက် နောဝစ်ချ်အသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်အဖြစ် စနေနေ့တွင် ဆောက်သမ်တန်အသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK