ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ဘီလ်ဘာအိုအသင်းနှင့် ကစားမည့် လာလီဂါအဖွင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ဘီလ်ဘာအိုအသင်းနှင့် ကစားမည့် လာလီဂါအဖွင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
အသက် (၃၂) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် လေ့ကျင့်ရေးအစီအစဉ်တွင် ခြေသလုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အသင်း၏နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့သည်။
ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက မိမိအနေဖြင့် ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးသည် မက်ဆီကို အရဲစွန့်ပြီး အသုံးပြုလိုခြင်းမရှိကြောင်း ဘီလ်ဘာအိုအသင်းနှင့်ကစားမည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဗယ်လ်ဗာဒီက "ကျွန်တော်တို့အနေနဲ့ ကစားသမားတွေကို အရဲစွန့်အသုံးပြုတာမျိုး မလုပ်ချင်ပါဘူး။ မက်ဆီကိုလည်း ဒီအတိုင်းပါပဲ။ မက်ဆီဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခြင်း မရှိသေးဘူး။ သူ့ရဲ့အနေအထားကို ကျွန်တော်တို့ စောင့်ကြည့်နေဆဲပါ။ မက်ဆီရဲ့ ဒဏ်ရာအခြေအနေကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ"ဟု ပြောကြားခဲ့သည်။
မက်ဆီသည် သြဂုတ်လ (၅) ရက်နေ့က အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ခြေသလုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်း၏ ရာသီကြိုခြေစမ်းပွဲများကို လွဲချော်ခဲ့ရသည်။
ဗယ်လ်ဗာဒီသည် ယနေ့ည (မြန်မာစံတော်ချိန် စနေနံနက် ၁:၃၀ နာရီ)တွင် ဘီလ်ဘာအိုအသင်းနှင့်ကစားမည့် လာလီဂါအဖွင့်ပွဲစဉ်အတွက် ဘာစီလိုနာအသင်း၏ ကစားသမား(၁၉) ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် မက်ဆီ ပါဝင်လာခြင်းမရှိသော်လည်း တိုက်စစ်တွင် ဆွာရက်ဇ်၊ ဂရီးဇ်မန်း၊ ဒမ်ဘီလီနှင့် ကော်တင်ဟိုတို့ ပါဝင်လာခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
