လာလီဂါပြိုင်ပွဲဝင်အသင်းများ၏ ယခုနှစ်နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်မှာ စျေးကွက်ပိတ်ရန် (၁၈)ရက်အလိုတွင် ယူရို(၁.၃)ဘီလီယံဝန်းကျင်ရှိခဲ့ကြောင်း သိရှိရသည်။
လာလီဂါပြိုင်ပွဲဝင်အသင်းများ၏ ယခုနှစ်နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်မှာ စျေးကွက်ပိတ်ရန် (၁၈)ရက်အလိုတွင် ယူရို(၁.၃)ဘီလီယံဝန်းကျင်ရှိခဲ့ကြောင်း သိရှိရသည်။
လာလီဂါ၏ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဇူလိုင်(၁)တွင် တရားဝင်စတင်ဖွင့်လှစ်ပြီး စက်တင်ဘာ(၂)ရက်မှ ပိတ်သိမ်းမည် ဖြစ်သည်။
လာလီဂါ၏အသုံးစရိတ်(၁.၃)ဘီလီယံဝန်းကျင်ရှိခဲ့ရာတွင် ရီးယဲလ်၊ အက်သလက်တီကို၊ ဘာစီလိုနာ၊ ဆီဗီလာနှင့် ဘက်တစ်တို့က အဓိကသုံးစွဲခဲ့ခြင်းဖြစ်ပြီး ယင်း(၅)သင်း၏ အသုံးစရိတ်သည်ပင် ယူရို (၁)ဘီလီယံကျော်ရှိခဲ့သည်။
ထို့ပြင် ယင်းအသင်း(၅)သင်းသည် ကစားသမားရောင်းချမှုတွင်လည်း ထိပ်ဆုံးမှ ဦးဆောင်ခဲ့ကြောင်း သိရသည်။
အက်သလက်တီကိုအသင်းသည် ယခုရာသီတွင် စံချိန်တင်ငွေကြေးသုံးစွဲမှုပြုလုပ်ခဲ့သော်လည်း ကစားသမားရောင်းချရာတွင်လည်း စံချိန်တင် ပမာဏ ပြန်လည်ရရှိခဲ့သည့်အတွက် ယူရိုသန်း(၄၀)ကျော်အမြတ်ထွက်ခဲ့ကြောင်း သိရှိရသည်။
အက်သလက်တီကိုအသင်းနည်းတူ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အမြတ်ထွက်ခဲ့သည့်အသင်းများမှာ ဗီလာရီးယဲလ်၊ အက်စ်ပန်ညို၊ အီဘာနှင့် ဗယ်လာဒိုလစ်တို့ဖြစ်သည်။
■ ကစားသမားခေါ်ယူမှုတွင် ငွေအများဆုံးသုံးစွဲခဲ့သည့်(၅)သင်း
အသင်း သုံးစွဲငွေ(ယူရို)
ရီးယဲလ် ၃၀၅.၅ သန်း
အက်သလက်တီကို ၂၆၇.၂ သန်း
ဘာစီလိုနာ ၂၅၅ သန်း
ဆီဗီလာ ၁၄၉ သန်း
ဘက်တစ် ၈၈.၈ သန်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
