အစ္စရေးစစ်တပ်သည် လွန်ခဲ့သော ၃ ပတ်က ဘေရွတ်မြို့ဆင်ခြေဖုံးတွင် မိမိတို့ သုတ်သင်ရှင်လင်းခဲ့ပြီးဖြစ်သော ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah ၏နေရာကို ဆက်ခံမည့် Hashem Safieddine ဆိုသူကို ယခုလအတွင်းတွင် ထပ်မံ သုတ်သင်ရှင်းလင်းခဲ့ကြောင်း အင်္ဂါနေ့က အတည်ပြုပြောကြားလိုက်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း Hashem Safieddine ၏အမည်ကို အတိအကျမဖော်ပြဘဲ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် တစ်ဦးအား မိမိတို့ အစ္စရေးတပ်ဖွဲ့ဝင်များက သုတ်သင်ရှင်းလင်းခဲ့ကြောင်းကို အောက်တိုဘာ ၈ ရက်ကတည်းကပင်လျှင် ပြောကြားခဲ့သည်။
“အောက်တိုဘာလ အစောပိုင်းက တိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အမှုဆောင်ကောင်စီ အကြီးအကဲ Hashem Safieddine နဲ့ ဟစ်ဇ်ဘိုလာထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရဲ့ အကြီးအကဲ Ali Hussein Hazima တို့ဟာ တခြားဟစ်ဇ်ဘိုလာ တပ်မှူးတွေနဲ့အတူ ေ-သဆုံးသွားကြောင်း အတည်ပြုနိုင်ပါပြီ” ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အစ္စရေးလေတပ်သည် ဟစ်ဇ်ဘိုလာတို့၏ ထောက်လှမ်းရေးဌာနချုပ်အား တိကျသော ထောက်လှမ်းရေးသတင်းအခြေပြု တိုက်ခိုက်မှုတစ်ခုကို အောက်တိုဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း အင်္ဂါနေ့နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်မှ ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာ လေကြောင်း သတင်းထောက်လှမ်းရေးနှင့် သတင်းစုဆောင်းရေး တာဝန်ခံ Bilal Saib Aish အပါအဝင် တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ ၂၅ဝ ကျော်တို့ ထိုနေရာတွင် ရှိနေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ ဟစ်ဇ်ဘိုလာတို့ဖက်ကမူ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
