Top News

လာမည့်ရာသီတွင် ချန်ပီယံဆုမျှော်မှန်းရန်ထက် မန်စီးတီး၊ လီဗာပူးလ်အသင်းတို့နှင့် ရမှတ်ကွာဟချက်ကို ကျဉ်းမြောင်းအောင်သာ ကြိုးစားရမည်ဟု အာဆင်နယ်အသင်းနည်းပြအူနိုင်းအမ်မရီ ဝန်ခံ
24htopnews | October 23, 2024 9:12 PM CST

အမေရိကန်သို့ ရောက်ရှိစဉ် မီဒီယာများနှင့် တွေဆုံရာ၌ အူနိုင်းအမ်မရီက "ကျွန်တော်တို့ လက်တွေကိုပဲ   စဉ်းစားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီး၊ လီဗာပူးလ်အသင်းတွေနဲ့ ကျွန်တော်တို့အသင်းအကြား ရမှတ်ကွာဟချက်က အလွန်များပြားတာကြောင့်ပါ။ ကျွန်တော်တို့အနေနဲ့ ဒီကွာဟချက်ကို ကျဉ်းမြောင်းအောင်နဲ့ ပြိုင်ပွဲကို ပိုပြီးအကြိတ်အနယ်ဖြစ်အောင်ပဲ ကြိုးစားရမှာပါ"ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ၎င်း၏အသင်းအနေဖြင့် လာမည့်ရာသီတွင် ပရီးမီးယား လိဂ်ချန်ပီယံဆုကို မျှော်မှန်းနိုင်ဦးမည် မဟုတ်ဘဲ မန်စီးတီး၊ လီဗာပူးလ်အသင်းတို့နှင့် ရမှတ်ကွာဟချက်ကိုကျဉ်းမြောင်းအောင်သာ ကြိုးစားရမည်ဟု ဝန်ခံပြောကြားခဲ့သည်။

အမေရိကန်သို့ ရောက်ရှိစဉ် မီဒီယာများနှင့် တွေဆုံရာ၌ အူနိုင်းအမ်မရီက "ကျွန်တော်တို့ လက်တွေကိုပဲ   စဉ်းစားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီး၊ လီဗာပူးလ်အသင်းတွေနဲ့ ကျွန်တော်တို့အသင်းအကြား ရမှတ်ကွာဟချက်က အလွန်များပြားတာကြောင့်ပါ။ ကျွန်တော်တို့အနေနဲ့ ဒီကွာဟချက်ကို ကျဉ်းမြောင်းအောင်နဲ့ ပြိုင်ပွဲကို ပိုပြီးအကြိတ်အနယ်ဖြစ်အောင်ပဲ ကြိုးစားရမှာပါ"ဟု ပြောကြားခဲ့သည်။ ထို့ပြင် အူနိုင်းအမ်မရီ က သူ၏အသင်းအနေဖြင့် ခံစစ်ကို ပိုမိုတိုးတက်အောင် ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့တိုက်စစ်စွမ်းရည်ကို မကျဆင်းသွားစေဘဲ ခံစစ်ပိုင်းပါ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ရဦးမှာပါ။ ပြီးခဲ့တဲ့ရာသီကထက်တော့ ပိုပြီးတိုးတက်လာတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ ပြန်လည်ကစားခွင့်ရရှိဖို့အတွက် ပစ်မှတ်ထားနေတဲ့ ကျွန်တော်တို့အသင်းအတွက် လက်ရှိအနေအထားက လုံလောက်မှုမရှိသေးပါဘူး"ဟု အူနိုင်းအမ်မရီက ဆက်လက်ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံမန်စီးတီးနှင့် ရမှတ် (၂၈)မှတ်၊ ဒုတိယနေရာမှ လီဗာပူးလ် နှင့် ရမှတ်(၂၇)မှတ်ကွာဟပြီး အဆင့် (၅)နေရာ၌ ရပ်တည်ခဲ့သည်။


READ NEXT
Cancel OK