Top News

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားရောင်းချမှုမှ အေဂျက်စ်အသင်း ယူရိုသန်း (၁၇၀) ကျော် ရရှိထား
24htopnews | October 23, 2024 9:12 PM CST

အေဂျက်စ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမား (၆) ဦးကို ပြန်လည်ခေါ်ယူထားပြီး ယင်းအတွက် ကုန်ကျငွေမှာ ယူရို (၅၅.၄) သန်းသာ ရှိကြောင်း သိရသည်။

အေဂျက်စ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမား ရောင်းချမှု(ဇူလိုင်လ ၂၄ ရက်နေ့အထိ)မှ ယူရိုသန်း (၁၇၀) ကျော်ရရှိထားပြီး အသားတင်အမြတ်ငွေ မှာ ယူရို (၁၁၆) သန်းအထိ ရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

အေဂျက်စ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမား (၇) ဦးအထိ ရောင်းချထားပြီး ဝင်ငွေယူရို (၁၇၁.၄) သန်းအထိ ရရှိခဲ့သည်။ အေဂျက်စ်အသင်းသည် ၎င်းတို့၏ အဓိကကစားသမား များဖြစ်သည့် ကွင်းလယ်လူ ဖရန်ကီဒီယွန်း (ဘာစီလိုနာအသင်းထံသို့ ယူရို ၇၅ သန်းဖြင့် ရောင်းချ)နှင့် နောက်ခံလူ ဒီလစ်(ဂျူဗင်တပ်စ်အသင်းထံသို့ ယူရို ၇၅ သန်းဖြင့် ရောင်းချ) တို့ကိုရောင်းချရာမှ ဝင်ငွေအများအပြား ရရှိခဲ့သည်။ 

အေဂျက်စ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမား (၆) ဦးကို ပြန်လည်ခေါ်ယူထားပြီး ယင်းအတွက် ကုန်ကျငွေမှာ ယူရို (၅၅.၄) သန်းသာ ရှိကြောင်း သိရသည်။ ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အေဂျက်စ်အသင်း ခေါ်ယူထားသည့် စျေးအကြီးဆုံးကစားသမားမှာ ဆီဗီလာအသင်းမှ ခေါ်ယူခဲ့သော နယ်သာလန်တိုက်စစ်ကစားသမား ပရိုမက်စ် (၁၅.၇ သန်း) ဖြစ်သည်။ 

ထို့ကြောင့် အေဂျက်စ်အသင်းသည် ယခုနွေ ရာသီအပြောင်းအရွှေ့တွင် ကစားသမားအပြောင်းအရွှေ့မှာ အသားတင်အမြတ်ငွေ ယူရို (၁၁၆) သန်းအထိ ရရှိထားသည်။ ထို့ပြင် လက်ရှိတွင် အေဂျက်စ်ကစားသမား များဖြစ်သည့် နေရိစ်နှင့် ဇီယာ့ရှ် တို့မှာလည်း ဥရောပထိပ်တန်းကလပ်များ၏စိတ်ဝင်စားခြင်းကို ခံနေရကြောင်း သိရသည်။ 


READ NEXT
Cancel OK