မန်ယူအသင်းမှာ ပြီးခဲ့သည့် ၁၂ လ အတွင်း ဖလားလက်မဲ့ဖြစ်မှု၊ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်မှုများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် တန်ဖိုးအမြင့်ဆုံး အားကစားကလပ်အသင်းများစာရင်းတွင် အခြားဘောလုံးအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီ လိုနာအသင်းတို့၏ကျော်တက်ခြင်းကိုပါ ခံခဲ့ရသည်။
အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbes မှထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အားကစားကလပ်အသင်း ၅၀ သင်းစာရင်းတွင် မန်ယူအသင်းမှာ ၂၀၁၈ ခုနှစ်က နံပါတ်နှစ် နေရာတွင် ရှိနေခဲ့ရာမှ အဆင့်လေးဆင့်ကျ ဆင်းကာ နံပါတ်ခြောက်နေရာသို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် Forbes ၏ ၂၀၁၈ နှစ်ချုပ်စာရင်းတွင် ဒေါ်လာ ၄.၁၂၃ ဘီလျံ တန်ဖိုးရှိခဲ့ပြီး ယခု ၂၀၁၉ နှစ်ချုပ်တွင်မူ ဒေါ်လာ ၃.၈၁၀ ဘီလျံသာရှိတော့သည်။ မန်ယူအသင်းမှာ ပြီးခဲ့သည့် ၁၂ လ အတွင်း ဖလားလက်မဲ့ဖြစ်မှု၊ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်မှုများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် တန်ဖိုးအမြင့်ဆုံး အားကစားကလပ်အသင်းများစာရင်းတွင် အခြားဘောလုံးအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီ လိုနာအသင်းတို့၏ကျော်တက်ခြင်းကိုပါ ခံခဲ့ရသည်။
ယင်းအသင်း ၅၀ စာရင်းတွင် ဘောလုံးကလပ်အသင်း ရှစ်သင်းပါဝင်ပြီး အဆိုပါအသင်းများမှာ ဘိုင်ယန်မြူးနစ်(နံပါတ် ၁၇၊ ဒေါ်လာ ၃.၀၂ ဘီလျံ)၊ မန်စီးတီး(နံပါတ် ၂၅၊ ဒေါ်လာ ၂.၆၉ ဘီလျံ)၊ ချယ်လ်ဆီး(နံပါတ် ၃၂၊ ဒေါ်လာ ၂.၅၈ ဘီလျံ)၊ အာဆင်နယ်(နံပါတ် ၄၂၊ ဒေါ်လာ ၂.၂၇ ဘီလျံ)၊ လီဗာပူးလ် (နံပါတ် ၄၅၊ ၂.၁၅ ဘီလျံ)တို့ဖြစ်ကြသည်။
NFL ပြိုင်ပွဲမှကလပ်အသင်း ၂၆ သင်းအထိ အများဆုံးပါဝင်နေပြီး ဘောလုံးကလပ်အသင်းများမှအပ ကျန်အသင်းများမှာ အမေရိကန်ကလပ်များဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
