ဘာစီလိုနာအသင်းတိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် အသင်းတွင် မည်သည့်နေရာ၌မဆို ကစားရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းတိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် အသင်းတွင် မည်သည့်နေရာ၌မဆို ကစားရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈) နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အက်သလက်တီကိုအသင်းမှ ဘာစီလိုနာအသင်းထံသို့ ယူရိုသန်း (၁၂၀) ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ဂရီးဇ်မန်းသည် ချယ်လ်ဆီးအသင်းအား (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် ဘာစီလိုနာအသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ပြီး ၎င်း၏ခြေစွမ်းအပေါ် အားရမှုရှိကြောင်း ပြောကြားခဲ့သည်။
ဂရီးဇ်မန်းက "ချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲတွေကစားဖို့ ပိုမိုဆာလောင်နေပြီး သင်ယူမှုတွေ ဆက်လက်ပြုလုပ်သွားမှာပါ။ ကျွန်တော့်အတွက် ဘာစီလိုနာအသင်းမှာ ပွဲကစားခွင့်ရဖို့ ပိုအရေးကြီးပြီး ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ အရန်ခုံမှာ ထိုင်နေရတာထက် ကွင်းအတွင်းမှာ ရှိနေတာက ပိုကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းမှာ အလျင်အမြန် အသားကျအောင် ကြိုးစားသွားမှာဖြစ်ပြီး အသင်းကို ကူညီပေးသွားမှာပါ"ဟု ချယ်လ်ဆီးနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ဂရီးဇ်မန်းက ချယ်လ်ဆီးအသင်းအား ရှုံးနိမ့်သည့်ပွဲတွင် ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟို၏ ကြမ်းတမ်းဖျက်ထုတ်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဒဏ်ရာမရခဲ့ကြောင်းနှင့် လာမည့်ပွဲစဉ်များတွင် ပါဝင်ကစားရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
