လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်က မိမိအနေဖြင့် တည်ကန်ဘောများကို အသုံးချရာတွင် တိုးတက်ရန်လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်က မိမိအနေဖြင့် တည်ကန်ဘောများကို အသုံးချရာတွင် တိုးတက်ရန်လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။
ဗန်ဒိုက်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံတွင် (၆)ဂိုးသွင်းယူနိုင်ခဲ့သော်လည်း မိမိအနေဖြင့် ယခုထက်ပိုမိုတိုးတက်ရန်လိုအပ်နေသေးကြောင်း BBC သတင်းဌာနနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဗန်ဒိုက်က ''ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် တွန်းအားပေးလေ့ရှိပါတယ်။ တည်ကန်ဘောတွေမှာ အာရုံစိုက်မှုနည်းသွားတာနဲ့ ပြိုင်ဘက်တွေက ကိုယ့်အသင်းကို အပြစ်ပေးသွားပါလိမ့်မယ်။ ဒါကြောင့် တည်ကန်ဘောတွေမှာ ကျွန်တော့်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရဦးမှာပါ။ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ကျွန်တော်တိုးတက်လာခဲ့တာမှန်ပေမယ့် အခုထက်ပိုပြီး ကျွန်တော့်အနေနဲ့ တည်ကန်ဘောတွေအသုံးချရာမှာလည်း ပိုကောင်းဖို့လိုအပ်နေပါသေးတယ်။ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်မှုတွေကို ကြည့်မယ်ဆိုရင်တော့ ကျေနပ်စရာဖြစ်ခဲ့ပါတယ်'' ဟုပြောကြားခဲ့သည်။
ထို့ပြင် ဗန်ဒိုက်က လာမည့် ၂၀၁၉-၂၀ ရာသီတွင် မိမိအနေဖြင့် ကြံ့ခိုင်မှုပြည့်ဝအောင် ကြိုးစားသွားမည်ဖြစ်ပြီး လီဗာပူးလ်အသင်းနှင့်အတူ အောင်မြင်မှုများရရှိရန်အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်သည် ၂၀၁၈ ခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၇၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး တစ်ရာသီခွဲအတွင်းအသင်းအတွက် ပြိုင်ပွဲစုံ (၇၂)ပွဲတွင် (၇)ဂိုးသွင်းယူပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
