နယူးကာဆယ်အသင်းသည် ဂျာမန်ကလပ် ဟော်ဖန်ဟင်မ်အသင်းတိုက်စစ်မှူး ဂျိုလင်တန်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၃၅) သန်းဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။
နယူးကာဆယ်အသင်းသည် ဂျာမန်ကလပ် ဟော်ဖန်ဟင်မ်အသင်းတိုက်စစ်မှူး ဂျိုလင်တန်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၃၅) သန်းဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။
အသက် (၂၂) နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး ဂျိုလင်တန်သည် နယူးကာဆယ်အသင်းနှင့် (၆) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး အသင်းတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ ရှိနေမည်ဖြစ်သည်။
ဂျိုလင်တန်၏ ပြောင်းရွှေ့ကြေးမှာ ပေါင် (၃၅) သန်းဖြစ်ရာ ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၂၁) သန်းဖြင့် ခေါ်ယူခဲ့သည့် ပါရာဂွေးကွင်းလယ်လူ အယ်လ်မီရွန်ကို ကျော်ဖြတ်ကာ နယူးကာဆယ်အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်လာခဲ့သည်။
ဂျိုလင်တန်သည် နယူးကာဆယ်အသင်းတွင် ကျောနံပါတ် (၉) အကျႌကို ဝတ်ဆင်သွားမည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးနှင့်ထိုက်တန်ကြောင်း သက်သေပြသွားမည်ဟု ပြောကြားခဲ့သည်။
"နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်နေပါတယ်။ နယူးကာဆယ်အသင်းက ကျွန်တော့်အတွက် ကြေးကြီးပေးခဲ့တာကြောင့် ကျွန်တော့်မှာ တာဝန်တွေ ပိုကြီးတယ်ဆိုတာကို နားလည်ပါတယ်။ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့ စိတ်အားထက်သန်နေပြီး နယူးကာဆယ်အသင်းရဲ့ ယုံကြည်မှုကို ကွင်းထဲမှာ ပြန်လည်ပေးဆပ်သွားဖို့ မျှော်လင့်ပါတယ်"ဟု ဂျိုလင်တန်က နယူးကာဆယ်အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
ဂျိုလင်တန်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ဟော်ဖန်ဟင်မ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၁၁) ဂိုးသွင်းယူပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
