ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဘေးလ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့သည့် စကားများမှာ လေးစားမှုမရှိခြင်းမဟုတ်ဟု ပြန်လည်ရှင်းလင်းခဲ့ကြောင်းသိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဘေးလ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့သည့် စကားများမှာ လေးစားမှုမရှိခြင်းမဟုတ်ဟု ပြန်လည်ရှင်းလင်းခဲ့ကြောင်းသိရသည်။
ဘေးလ်အနေဖြင့် အသင်းမှထွက်ခွာရန် အလွန်နီးစပ်နေကြောင်း ဇီဒန်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားခဲ့ပြီး ယင်းမှာ အားလုံးအတွက် အကောင်းဆုံးဖြစ်သည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။
သို့သော် ဘေးလ်၏အေးဂျင့်ဖြစ်သူ ဂျိုနသန်ဘားနက်က ယင်းမှတ်ချက်စကားမှာ ကစားသမားအတွက် လေးစားမှုမရှိခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
ဇီဒန်းက "ကျွန်တော် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မလေးမစား မလုပ်ပါဘူး။ ဘေးလ်အပါအဝင် ကစားသမားအားလုံးကိုပေါ့။ ကလပ်အသင်းအနေနဲ့ ဘေးလ်ထွက်ခွာမှုအတွက် လုပ်ဆောင်နေတယ်လို့ပဲ ပြောခဲ့တာပါ။ ဒီ့ထက် မပိုပါဘူး။ နောက်တစ်ရက်မှာကစားတဲ့ ဘိုင်ယန်အသင်းနဲ့ပွဲကို ဘေးလ် ရောက်မလာခဲ့ပါဘူး။ ကလပ်အသင်းက သူ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ မကစားချင်ဘူးလို့လည်း ပြောခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
အေးဂျင့် ဘားနက်က ဘေးလ်အနေဖြင့် ရီးယဲလ်အသင်းမှ အငှားစာချုပ်ဖြင့်လုံးဝထွက်ခွာမည်မဟုတ်ကြောင်း ဇူလိုင် (၂၃) ရက်က မှတ်ချက်ပြုခဲ့သည်။
"သူ (ဘေးလ်)ဟာ အသင်းကနေ ယာယီထွက်ခွာမှာတော့ မဟုတ်ပါဘူး။ ဂါရတ်(ဘေးလ်)က လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ဘယ်ကလပ်ကိုမှ အငှားသွားမကစားဘူးဆိုတာ ကျွန်တော် အာမခံပါတယ်။ ဂါရတ်ဟာ ရီးယဲလ်ကစားသမား တစ်ဦးပါ။ အခု သူ အသင်းမှာရှိနေပါတယ်။ ကျွန်တော်တို့အတွက် သင့်တော်တာတွေရှိ လာရင်တော့ ပြောင်းလဲနိုင်ပါတယ်။ တစ်ရက်အတွင်း ဒါမှမဟုတ် တစ်ပတ်အတွင်းမှာပေါ့။ ဒီလိုမဟုတ်ရင်တော့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နောက်ထပ် (၃)နှစ်အထိ ရီးယဲလ်ကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေပါမယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
