ဇူလိုင် ၂၆ ရက်(မြန်မာစံတော်ချိန် ဇူလိုင် ၂၇ ရက် နံနက်အစောပိုင်း)က ကစားခဲ့သည့် International Champions Cup ပွဲစဉ်တွင် မက်ဒရစ်ဒါဘီပြိုင်ဘက် အက်သလက်တီကိုအသင်းအား (၃-၇)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ရီးယဲလ်ပရိသတ်အချို့က အသင်းနည်းပြ ဇီဒန်းအား ရာထူးမှနုတ်ထွက်သင့်ကြောင်း လူမှုကွန်ရက်များတွင် တောင်းဆိုခဲ့ကြသည်။
ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားသမားသစ် ဟာဇက်၊ ယိုဗစ်စသူတို့ အပါအဝင် မိုဒရစ်၊ အစ္စကို၊ ရာမို့စ်စသည့် အဓိကကစားသမားများ ပါဝင်ခဲ့သော်လည်း အံ့အားသင့်ဖွယ် ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပရိသတ်အချို့သည် အသင်း၏လက်ရှိအခြေအနေကြောင့် ရာသီသစ်အတွက် အလွန်စိုးရိမ်ပူပန်နေကြကြောင်း ဗြိတိန်သတင်းစာ Mirror က ရေးသားခဲ့သည်။
Twitter အသုံးပြုသူတစ်ဦးက '' ဇီဒန်း ထွက်ခွာဖို့ အချိန်ရောက်ပြီလား၊ ဘေးလ်၊ စီဘယ်ယို့စ်၊ ဟာမီးစ်ရိုဒရီဂွက်ဇ်တို့လို ကစားသမားတွေကို နေရာမပေးဘူး။ နာချို၊ ဗက်ဇ်ကေးတို့ကို ဆက်ထိန်းထားတယ်။ ကလပ်အသင်းအတွက် သူ့ရဲ့လုပ်ဆောင်မှုတွေက အဆင်မပြေလောက်ဘူး'' ဟု ရေးသားခဲ့သည်။
အခြားတစ်ဦးက '' ဇီဒန်းဟာ ဒီရာသီမှာ အခြေအနေဆိုးသွားလိမ့်မယ်။ ရော်နယ်လ်ဒို၊ ဘေးလ်(အသင်းမှ ထွက်ခွာလုနီး)တို့လို သူ့ကိုကယ်တင်မယ့်သူတွေ မရှိတော့လို့ပါ'' ဟု ဝေဖန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
