၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသား ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို ဇူလိုင် ၂၇ ရက် (ယနေ့) စတင်ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် စင်ကာပူအသင်းနှင့် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) အဖွဲ့ဝင် ၁၂ နိုင်ငံစလုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က)တွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် သြစတြေးလျအသင်းတို့ ပါဝင်နေသည်။
အုပ်စုပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဗီယက်နမ်နှင့် အင်ဒိုနီးရှား၊ ညနေ ၃ နာရီတွင် တီမောနှင့် ဖိလစ်ပိုင်၊ ညနေ ၅ နာရီခွဲတွင် မြန်မာနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ ယူ-၁၅ အသင်းနည်းပြချုပ် တော်စတန်ဖရန့်ခ်က ''ကျွန်တော် ဒီအသင်းကိုကိုင်တွယ်တာ ရက်ပိုင်းပဲရှိပါသေးတယ်။ လက်ထောက်နည်းပြ ဂျပန်နိုင်ငံသား တာကူမာရဲ့ ကူညီပေးမှု ကြောင့် အသင်းနဲ့ ကစားသမားအကြောင်းတော့ သိထားပါတယ်။ ဒါပေမဲ့ အသင်းတစ်သင်းအကြောင်းကို သေချာသိဖို့ အချိန်ယူရပါမယ်။ ဒီပြိုင်ပွဲမှာပါမယ့် အသင်းတွေ အကြောင်းကိုလည်း ကျွန်တော်အများကြီး မသိပါဘူး။ တစ်ပွဲချင်းပဲပြင်ဆင်ပြီး ကစားသွားမှာပါ။ ရလဒ်ကိုတော့ ကြိုပြောဖို့ ခက်ပါတယ်''ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
