ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ၏ အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် လိုက်ဘေးရီးယားနိုင်ငံသား မူဆာဘီလီတီကို နိုင်ငံတကာဘောလုံးလောကမှ (၁၀)နှစ်ပိတ်ပင်သည့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ၏ အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် လိုက်ဘေးရီးယားနိုင်ငံသား မူဆာဘီလီတီကို နိုင်ငံတကာဘောလုံးလောကမှ (၁၀)နှစ်ပိတ်ပင်သည့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
မူဆာဘီလီတီသည် ဖီဖာက အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် ကူညီခဲ့သည့် ငွေကြေး ဒေါ်လာ(၅)သိန်းခန့်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့် ယခုလိုပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဖီဖာ၏ထုတ်ပြန်ကြေညာမှုတွင်လည်း "ဖီဖာ၏ လူသားချင်းစာနာမှု ရန်ပုံငွေကို အကျိုးရှိစွာအသုံးမချနိုင်ခြင်းနှင့်အတူ ယင်းငွေကြေးကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ခြင်းကို စစ်ဆေးတွေ့ရှိခဲ့ရသည်"ဟု ပါရှိခဲ့သည်။
အသက်(၅၂)နှစ်အရွယ်ရှိ မူဆာဘီလီတီသည် လိုက်ဘေးရီးယားဘောလုံးအဖွဲ့ချုပ် (LFA)၏ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ်ပြီး လက်ရှိအချိန်တွင် အာဖရိကဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးကဏ္ဍများတွင် အဓိကတာဝန်ရှိသူတစ်ဦးအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။
ဖီဖာသည် အာဖရိကတွင် အီဘိုလာတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် 11 against Ebola လှုပ်ရှားမှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းရန်ပုံငွေထဲမှ ဒေါ်လာ(၅)သိန်းကျော်ကို မူဆာဘီလီတီက အလွဲသုံးစားပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မူဆာဘီလီတီကမူ "ဒီစွပ်စွဲမှုတွေကို ဖြေရှင်းပြီး ဖီဖာရဲ့အရေးယူမှုကို အယူခံဝင်ဖို့ စီစဉ်သွားမှာပါ။ ကျွန်တော့်ရဲ့ရှေ့နေတွေနဲ့လည်း တိုင်ပင်နေပါတယ်။ ကျွန်တော် အမှားမလုပ်ခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
