အဲဗာတန်အသင်းသည် ၎င်းတို့ ဆောက်လုပ်ရန် ပြင်ဆင်နေသော ပရိသတ်(၅၂ဝဝဝ) ဝင်ဆံ့ပြီး ပေါင်သန်း(၅ဝဝ)ကုန်ကျမည့်ကွင်းသစ်ဒီဇိုင်းကို ကြာသပတေးနေ့က ထုတ်ဖော်ပြသလိုက်ကြောင်း သိရှိရသည်။
အဲဗာတန်အသင်းသည် ၎င်းတို့ ဆောက်လုပ်ရန် ပြင်ဆင်နေသော ပရိသတ်(၅၂ဝဝဝ) ဝင်ဆံ့ပြီး ပေါင်သန်း(၅ဝဝ)ကုန်ကျမည့်ကွင်းသစ်ဒီဇိုင်းကို ကြာသပတေးနေ့က ထုတ်ဖော်ပြသလိုက်ကြောင်း သိရှိရသည်။
အဲဗာတန်အသင်း လက်ရှိအသုံးပြုနေသည့် ဂူဒီဆင်ပတ်ခ်ကွင်းမှာ ပရိသတ် (၃၉ဝဝဝ)ကျော်သာဝင်ဆံ့သလို၊ ခေတ်မမီတော့ဘဲ ဟောင်းနွမ်းနေပြီဖြစ်သောကြောင့် ကွင်းသစ်တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဲဗာတန်အသင်းသည် ယင်းကွင်းသစ်ကို မာဆေးမြစ်ကမ်းမှ ရှေးဟောင်းကုန်တင်ကုန်ချသင်္ဘောဆိပ်ဧရိယာတွင် ဆောက်လုပ်သွားရန် စီစဉ်ထားပြီး ရေပြင်ပေါ်တွင် မေးတင်ထားသကဲ့သို့ ရှိနေမည် ဖြစ်သည်။
စပါးအသင်း၏ ကွင်းသစ်နည်းတူ ခေတ်မီဆန်းသစ်စွာ တည်ဆောက်သွားရန် စီစဉ်ထားသလို၊ လီဗာပူးလ်မြို့၏ ရေကြောင်းကုန်သွယ်မှုနှင့်ပတ်သက်သည့် သမိုင်းအငွေ့အသက်များကို ပြန်လည်ဖော်ထုတ်ရန် ရည် ရွယ်ခြင်းဖြစ်သည်ဟုလည်း အဲဗာတန်အသင်းက ဆိုခဲ့သည်။
အဲဗာတန်အသင်းသည် အဆိုပါကွင်းသစ်ကို တည်ဆောက်ရန် ခွင့်ပြုချက်ရရှိပါက ၂၀၁၉ နှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၂၀၂၃-၂၄ ရာသီ တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း သိရှိရသည်။
ကွင်းသစ်ကို ပထမအဆင့်အနေဖြင့် ပရိသတ်(၅၂ဝဝဝ)ဆံ့ကွင်းအဖြစ် တည်ဆောက်သွားမည်ဖြစ်သော်လည်း ပရိသတ်(၆၂ဝဝဝ) ဆံ့သည့်ကွင်းအဖြစ် တိုးချဲ့တည်ဆောက်နိုင်ရန် အစီအစဉ်ရေးဆွဲထားကြောင်းလည်း သိရှိရသည်။
ထို့ပြင် ယခု ကွင်းသစ်၌ ဒေါ့မွန်အသင်း၏ နာမည်ကျော် အဝါရောင်တံတိုင်းကိုတုပ၍ အပြာရောင်တံတိုင်းအဖြစ် ပရိသတ်များ အားပေးနိုင်ရန် တောင်ဘက်တန်းပွဲကြည့်စင်၌ ထိုင်ခုံ (၁၃ဝဝဝ) သတ်မှတ်ပေးသွားမည်ဟုလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
