အက်သလက်တီကိုမက်ဒရစ်အသင်း အမှုဆောင်ချုပ် ဂီလ်မာရင်က မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းမှ ကိုလံဘီယာကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။
အက်သလက်တီကိုမက်ဒရစ်အသင်း အမှုဆောင်ချုပ် ဂီလ်မာရင်က မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းမှ ကိုလံဘီယာကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် (၂၈) နှစ်အရွယ်ရှိ ကိုလံဘီယာလက်ရွေးစင် ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ရာသီနှင့် ၂၀၁၈-၁၉ ရာသီများတွင် ဘိုင်ယန်မြူးနစ်အသင်း၌ အငှားသွားရောက်ကစားခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ်အသင်း ရောင်းချလိုသည့် ကစားသမားစာရင်းတွင် ပါဝင်နေသူဖြစ်သည်။
ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် နာပိုလီအသင်းက စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ဖြစ်မြောက်ရန်လည်း အလွန်နီးစပ်နေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
အက်သလက်တီကိုမက်ဒရစ်အသင်း အမှုဆောင်ချုပ် ဂီလ်မာရင်က "ဟာမီးစ်ရိုဒရီဂွက်ဇ်ကို အသင်းတိုင်းက လိုချင်ကြတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူက အလွန်တော်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့အသင်းကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ့် ကစားသမားလည်း ဖြစ်ပါတယ်။ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ကျွန်တော်တို့အသင်းနည်းပြ ဆီမြွန်နီ သဘောကျတယ်ဆိုတာကိုလည်းကျွန်တော် သိပါတယ်။ ပြီးတော့ ရီးယဲလ်မက်ဒရစ်အသင်းက သူ့ကို မလိုချင်သလို၊ သူကလည်း ရီးယဲလ်အသင်းက ထွက်ခွာချင်နေတယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူ့ကို ခေါ်ယူဖို့ ကြိုးစားရာမှာတော့ အခြေအနေတွေအများကြီး ရှိပါတယ်။ ဟာမီးစ်ရိုဒရီဂွက်ဇ်ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် တကယ်ကောင်းမှာပါ။ ဒါပေမဲ့ ဒီကိစ္စမှာ ဆုံးဖြတ်ချက်ချမယ့်သူက ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ပဲ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားရောင်းချမှုမှ ယူရို (၃၀၇.၅) သန်းအထိ ရရှိထားပြီး ယင်းထဲမှ ယူရို (၂၁၆) သန်းကို အသုံးပြုကာ ကစားသမားသစ် (၉) ဦးအထိ ခေါ်ယူခဲ့သည်။
သို့သော် အက်သလက်တီကိုအသင်းသည် အပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်များ ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
