ရီးယဲလ်မက်ဒရစ်အသင်းနောက်ခံလူ ဖာလန်းမန်ဒီသည် ပေါင်ဒဏ်ရာကြောင့် တစ်လခန့်အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းနောက်ခံလူ ဖာလန်းမန်ဒီသည် ပေါင်ဒဏ်ရာကြောင့် တစ်လခန့်အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းတွင် အဆန်စီယို၊ ဘရာဟမ်ဒီယက်ဇ်တို့မှ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ယခုအခါ ဖာလန်းမန်ဒီကပါ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း လိုင်ယွန်အသင်းမှ ပြောင်းရွှေ့လာခဲ့သူ ဖာလန်းမန်ဒီသည် ဇူလိုင်လ (၂၃) ရက်က အာဆင်နယ်အသင်းနှင့် ကစားခဲ့သည့် International Champions Cup ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် စတင်ပွဲထွက်ကစားခဲ့သည်။
သို့သော် ပြီးခဲ့သည့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် ဆေးစစ်မှုများအရ ဖာလန်းမန်ဒီ၏ ညာဘက်ပေါင်တွင် ကြွက်သားဒဏ်ရာရရှိခဲ့ကြောင်း ရီးယဲလ်မက်ဒရစ်ဆေးအဖွဲ့က အတည်ပြုပေးခဲ့သည်။
ထို့ကြောင့် ဖာလန်းမန်ဒီသည် အက်သလက်တီကိုမက်ဒရစ်၊ စပါးအသင်းတို့နှင့် ကစားမည့် ရာသီကြိုခြေစမ်းပွဲစဉ်များကို လွဲချော်မည်ဖြစ်ပြီး တစ်လခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ရာသီကြိုခြေစမ်းပွဲများတွင် အသင်းကစားသမားများ ဆက်တိုက်ဒဏ်ရာရရှိနေသည့်အတွက် စိတ်ပူမိကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
