မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့သည် အာဆင်နယ်ကစားသမားများဖြစ်သည့် အိုဇေးလ်နှင့် ကိုလာရှီနက်တို့ကို ဓားဖြင့်တိုက်ခိုက်ပြီး လုယက်ရန်ကြိုးစားခဲ့သူအား ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ခဲ့သည်။
မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့သည် အာဆင်နယ်ကစားသမားများဖြစ်သည့် အိုဇေးလ်နှင့် ကိုလာရှီနက်တို့ကို ဓားဖြင့်တိုက်ခိုက်ပြီး လုယက်ရန်ကြိုးစားခဲ့သူအား ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ညနေ (၅) နာရီခန့်က မြောက်လန်ဒန်တွင် အိုဇေးလ် မောင်းနှင်လာသည့် Mercedes G-Class ကားကို ဓားကိုင်ထားသည့် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးက လုယက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များတွင် အာဆင်နယ်အသင်းနောက်ခံလူ ကိုလာရှီနက်သည် ဓားကိုင်ထားသည့် လုယက်ရန်ကြိုးစားခဲ့သူအား ပြန်လည်ခုခံကာကွယ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
ယင်းနောက်တွင် အိုဇေးလ်နှင့် ကိုလာရှီနက်တို့သည် ဂိုလ်ဒါဂရင်းလမ်းရှိ တူရကီစားသောက်ဆိုင်သို့ မောင်းပြေးခဲ့ကြပြီး စားသောက်ဆိုင်မှ ဝန်ထမ်းများက ၎င်းတို့ကို ကူညီခဲ့ကြောင်း သိရသည်။
မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် "ဇူလိုင်လ (၂၅) ရက်၊ ကြာသပတေးနေ့ ညနေ (၅) နာရီခန့်တွင် ပလပ်စ်လမ်း၌ လုယက်ရန် ကြိုးစားခဲ့သည်ဟု ရဲများကိုတိုင်ကြားခဲ့ကြောင်း၊ တိုင်ကြားသူများ၏ ပြောဆိုချက်အရ ဆိုင်ကယ်စီးနင်းလာသူတစ်ဦးက ကားမောင်းလာသူကို လုယက်ရန် ကြိုးစားကြောင်း၊ သို့သော် ကားမောင်းသူနှင့် ၎င်း၏ သူငယ်ချင်းမှာ အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာမရရှိခဲ့ကြောင်း၊ လက်ရှိတွင် လုယက်ရန်ကြိုးစားခဲ့သူအား စုံစမ်းရှာဖွေနေဆဲဖြစ်ပြီး ဖမ်းမမိသေးကြောင်း"ပါရှိသည်။
ယင်းဖြစ်ရပ်ဖြစ်ပွားပြီး မကြာမီမှာပင် အာဆင်နယ်အသင်းကလည်း အိုဇေးလ်၊ ကိုလာရှီနက်တို့နှင့် အဆက်အသွယ်ရပြီး ၎င်းတို့အနေဖြင့် အားလုံးအဆင်ပြေကြောင်း ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
