ထရာဇီဂေး (အမည်ရင်းမှာ မာမွတ်ဟတ်ဆန်) သည် ယခု နွေရာသီတွင် ဗီလာအသင်းသို့ရောက်ရှိလာသည့် (၉)ဦးမြောက်ကစားသမားဖြစ်လာခဲ့ပြီး မိမိတို့ရှာဖွေနေသော ကစားသမားမျိုးကိုရရှိခဲ့သည်ဟု ဗီလာအသင်းနည်းပြ ဒင်းန်စမစ်က ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်တန်းတက်ကလပ် ဗီလာအသင်းသည် အီဂျစ်တောင်ပံကစားသမား ထရာဇီဂေးအား တူရကီကလပ် ကာဆင်ပါရှာအသင်းထံမှ ပြောင်းရွှေ့ကြေး ပေါင်(၈.၇၅)သန်းဖြင့် ခေါ်ယူခဲ့ပြီး ယခုနွေရာသီကာလ အတွင်း အသင်း၏သုံးစွဲငွေစုစုပေါင်းမှာ ပေါင်သန်း(၁၀၀)နီးပါး (ပေါင် ၉၉. ၂၅ သန်း)အထိရှိလာခဲ့ကြောင်း သိရှိရသည်။
ထရာဇီဂေး (အမည်ရင်းမှာ မာမွတ်ဟတ်ဆန်) သည် ယခု နွေရာသီတွင် ဗီလာအသင်းသို့ရောက်ရှိလာသည့် (၉)ဦးမြောက်ကစားသမားဖြစ်လာခဲ့ပြီး မိမိတို့ရှာဖွေနေသော ကစားသမားမျိုးကိုရရှိခဲ့သည်ဟု ဗီလာအသင်းနည်းပြ ဒင်းန်စမစ်က ပြောကြားခဲ့သည်။
"သူ့လို တောင်ပံကစားသမားမျိုးကို ကျွန်တော်တို့ ရှာဖွေနေတာပါ။ ပြိုင်ဘက်အသင်းရဲ့ဧရိယာ Final Third Zone မှာ ပြိုင်ဘက်ကို ကောင်းကောင်းဒုက္ခပေးနိုင်ပြီး ဂိုးသွင်းနိုင်သူတစ်ဦးပါ"ဟု ဒင်းန်စမစ်က ဆိုခဲ့သည်။ ထရာဇီဂေးသည် အီဂျစ်လက်ရွေးစင်အသင်းအတွက် (၄၁)ပွဲကစားကာ (၆)ဂိုး သွင်းယူပေးထားသည်။
ဗီလာအသင်းသည် ယနေ့အထိ ပရီးမီးယားလိဂ်အသင်းများထဲ၌ ငွေအများဆုံးသုံးစွဲသည့်အသင်းအဖြစ် ဦးဆောင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
