ပြည်ပပို့ကုန်နှမ်းသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ရိတ်သိမ်းနေပြီဖြစ်ရာ ဧက(၂၂၀၀၀) ကျော်ရိတ်သိမ်းပြီးဖြစ်ကြောင်း ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် မိုးသီးနှံနှမ်းကို သြဂုတ်လက စတင်ရိတ်သိမ်းနေရာ ယနေ့အထိ (၂၂၁၆၄) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။
“လက်ရှိစိုက်ထားတဲ့ နှမ်းစိုက်ခင်းအားလုံးရာနှုန်းပြည့်ရိတ်သိမ်းပြီးပါပြီ။ အထွက်နှုန်းကောင်းမွန်တဲ့ GAP နည်းစနစ်နဲ့စိုက်ခဲ့ကြတာပါ။ တစ်ဧက ၆.၆၁ တင်း ထွက်ရှိနေပါတယ်” ဟု ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးဦးနိုင်ထွန်းဝင်းက ပြောသည်။
ကလေးမြို့နယ် နှမ်းစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်နဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ အ ထွက်နှုန်းကောင်းမွန်သည့် မျိုးများစိုက်ပျိုးနိုင်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“GAP နည်းစနစ်နဲ့ စိုက်ပျိူးထုတ်လုပ်တဲ့ သီးနှံတွေဟာ အခြားစိုက်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သီးနှံတွေထက် အရည်အသွေး ပိုမိုကောင်းမွန်ပြီး ပြည်တွင်းစျေးကွက်သာမက ပြည်ပစျေးကွက်ကိုပါ တင်ပို့ရောင်းချနိုင်ပါတယ်”ဟု နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
