PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ၏ခြေချင်းဝတ်ဒဏ်ရာသည် အရိုးကျိုးသွားခြင်းမရှိဟု PSG အသင်း အတည်ပြုခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရဖွယ်ရှိကြောင်း သိရသည်။
ဘရာဇီးလ်လက်ရွေးစင်ကစားသမား နေမာသည် ဒုတိယပိုင်းစတင် ပြီးနောက် မကြာမီ ပြိုင်ဘက်အသင်းကစားသမား ဘင်ဂျမင်အန်ဒရေနှင့် ဘောလုံးယှဉ်လုရာမှ ခြေချင်းဝတ်ခေါက်ကာ လဲကျသွားခြင်းဖြစ်သည်။
ထို့ကြောင့် ၅၁ မိနစ်တွင် ၎င်းအား ထမ်းစင်ဖြင့် သယ်ထုတ်သွားရပြီး လူစားလဲခဲ့ရသည်။
နေမာသည် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ညာဘက်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ယင်းနေရာကိုပင် ထပ်မံ ထိခိုက်မိခဲ့ခြင်းဖြစ်သည်။
PSG အသင်းကမူ နေမာ၏ဒဏ်ရာမှာ Scan စစ်ဆေးမှုအရ ခြေချင်းဝတ်အရိုးကျိုးသွားခြင်းမရှိကြောင်း အတည်ပြုကြေညာခဲ့ပြီး အရွတ်ထိခိုက်မှုရှိမရှိ စစ်ဆေးရန် ၄၈ နာရီစောင့်ကြည့် ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နေမာသည် ယခုဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရဖွယ်ရှိကြောင်း ခန့်မှန်းထားပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့် ပြန်လည်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် တွင် ပါဝင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။
၎င်းအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့် ပထမအကျော့ပွဲအပြီး နောက်တစ်ရက်တွင် ပိုကာဂိမ်းပွဲ သွားရောက်ကစားခဲ့သလို မိတ်ဆွေများ နှင့်အတူ Mcdonald's စားသောက်ဆိုင်၌ စားသောက်ပျော်ပါးနေသဖြင့် ဝေဖန်မှုများခံနေရသည်။
နေမာသည် ယခုရာသီ လီဂူး-၁ ပြိုင်ပွဲတွင် ၁၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားသလို ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း နှစ်ဂိုးသွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
